အမုန်းလွန်ချစ်မေတ္တာ(part2)

528 18 0
                                    

မဟာမနက်ခင်းအစောကြီးနိုးထတတ်သောအကျင့်ရှိတာကြောင့်မနက်၅နာရီတွင်နိုးထလာခဲ့သည်။

အခုလိုအကျင့်ဖြစ်အောင်အမြဲလာနိုးပေးတတ်သောညီမငယ်ကိုပြန်ပြီးသတိရမိကာစိတ်မကောင်းဖြစ်မိသည်။

*မနက်တိုင်းကိုကိုလိူ့ခေါ်သံပေးပြီးလာနှိုးနေကျညီမလေးမရှိတော့ကိုကို့ရင်ထဲမှာစိတ်မကောင်းဖြစ်မိတယ်ညီမလေးရယ်...*

မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန်အတွက်အားကစား၀တ်စုံကို၀တ်ဆင်ကာအပြင်သို့လမ်းလျှောက်ထွက်လာခဲ့လေသည်။

မနက်တိုင်းလေ့ကျင့်ခန်းလုပ်နေကြမဟာအတွက်ပုံမှန်နေ့တွေလိူပင်ဒါပေမယ့်ညီမငယ်တစ်ယောက်တော့သူ့ဘေးနားမှာမပါခဲ့သည်ပါဘဲလေ...

အပြေးလေ့ကျင့်ခန်းလုပ်ပြီးပြန်အလာမဟာခေါ်လာသောမိန်းမပျိုလေးကခြံ၀တွင်မတ်တပ်ရပ်စောင့်နေသည်ကိုတွေ့ရလေသည်။

''ခြံအပြင်မှာဘာရပ်လုပ်နေတာလဲ''

တေးလူကြီးအပြင်ထွက်သွားတယ်လို့ဦးစိုးပြောတာကြောင့်ခြံအပြင်မှာဦးအလာကိုထွက်စောင့်နေခဲ့သည်။

''တေးဦးကိုစောင့်နေတာပါ...''

''ဘာကိစ္စလဲ...''

''တေးဦးအတွက်မနက်စာပြင်ထားပေးတယ်ဦးလာစားကြည့်ပါအုန်း...''

''အင်းငါအ၀တ်စားလဲပြီးရင်လာစားမယ်..မင်းသွားတော့...''

''ဟုတ်ကဲ့ဦး...''

တေးဦးရဲ့စကားသံအဆုံးမှာတစ်ခွန်းမှာတုံ့ပြန်မှုမပေးခဲ့ပါဟုတ်ကဲ့ဟူသောစကားနဲ့အဆုံးသတ်ပြီးဦးရှေ့မှထွက်လာခဲ့လိုက်လေသည်။

မဟာရေမိုးချိုးပြီးအလုပ်သွားဖို့အတွက်ပြင်ဆင်ပြီးသကာလမနက်စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့သည်။

ring...ring...ring

phမြည်သံကြောင့်မဟာဖုန်းကိုကြ်ည့လိုက်မိသည်။

မင်းထင်ဆီကပင်...သူချက်ချင်းကိုင်လိုက်လေသည်။

''ဟယ်လိုမင်းထက်ပြော...''

''........''

''အင်းငါအခူဘဲလာခဲ့မယ်..အဲကောင်ကိုမင်းတို့သေချာစောင့်ကြည့်ထားကြ...''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now