အမုန်းလွန်ချစ်မေတ္တာ(part6)

388 15 0
                                    

မနက်၈နာရီခွဲတွင်စေ့စပ်ပွဲစတင်ခဲ့ကြလေသည်။

''ဒီနေ့ဟာကျနော်ရဲ့သားမောင်ရိုင်းအက္ကဆက်နဲ့ဒေါ်မြမူရဲ့သူမလွန်းငွေအိမ်တို့ကိုစေ့စပ်မယ့်မဂ်လာရက်မြတ်တစ်ရက်ပါဘဲ...ကျနော်တို့ဘက်ကသမီးလွန်းငွေအိမ်ကိုတင်တောင်းဖို့အတွက်ငွေကျပ်သိန်း၅၀၀၀နဲ့အပန်းဖြေအိမ်တစ်လုံးနဲ့ရွှေ၅ကျပ်သားနဲ့တင်တောင်းပါတယ်ဗျ..''

''သမီးလေးလွန်းအတွက်၀မ်းသာစရာပါဘဲရှင်...ကျမတို့ဘက်ကလည်းဒီတင်တောင်းထားတဲ့အရာတွေအားလုံးကိုလက်ခံပါတယ်ရှင်...''

ဒေါ်မြကအခုလိုအားမနာတမ်းပြောတော့လွန်းငွေအိမ်တစ်ယောက်အားနာနာနဲ့ဒေါ်လေးမြရဲ့လက်ကိုလှမ်းကိုင်လိုက်ပြီးသတိပေးလိူက်လေသည်။

''သမီးလွန်း..ဘာဖြစ်လို့လဲ..''

''ဒီလောက်အများကြီး..အားနာဖို့ကောင်းတယ်လေ..''

''ဪသမီးရယ်တင်တောင်းတဲ့ပမာဏကများတယ်နည်းတယ်မပြောရဘူးသမီးရဲ့သမီးကိုလတန်ဖိုးထားမြတ်နိုးလို့အခုလိုတင်တောင်းတာပေါ့....ဟုတ်တယ်မလားကိုအောင်မြတ်..''

''ဟားဟားဟုတ်တာပေါ့ငါ့သမီးကိုဒယ်ဒီတို့ကတန်ဖိုးထားလို့အခုလိုတင်တောင်းတာပေါ့...''

ဦးအောင်မြတ်ကရယ်ရင်းပြောနေပေမယ့်..ဘေးနားကသတိုးသား၀တ်စုံနဲ့သူကတော့ငြိမ်သက်တိတ်ဆိတ်နေလေသည်။

အခုလိုတိတ်ဆိတ်နေတာကိုလွန်းစိတ်ထဲမှာတစ်မျိုးကြီးခံစားခဲ့ရသည်။

၀မ်းနည်းတာလားပျော်ရွှင်တာလားဆိုတာမသိတော့ပေ။

''သားရိုင်း..တစ်ခုခုမပြောတော့ဘူးလား..''

''ဒယ်ဒီသဘောအတိုင်းပါဘဲဒယ်ဒီ...''

''အဲလိုတော့မဟုတ်ဘူးလေငါ့သားရယ်တစ်ခုခုတော့ပြောအုန်းမှပေါ့...''

''ကျနော်ဒယ်ဒီ့သဘောအတိုင်းလက်ခံခဲ့ပြီးပြီးဘာလိုသေးလို့လဲ...''

''ဟင်း..ကျနော်သားကကျနော်သဘောအတိုင်းဘဲဆိုတော့ဒီဘက်ကသမီးလွန်းငွေအိမ်ကရော''

''ရှင်..သမီးဒီစေ့စပ်ပွဲကိုလက်ခံပါတယ်..''

''ကဲဒါဆိုရင်စေ့စပ်ကြောင်းလှမ်းတဲ့ကိစ္စအောင်မြင်စွာပြီးမြောက်သွားပါပြီး..မဂ်လာရက်မြတ်ကီုရွေးပြီးမဂ်လာပွဲကျင်းပဖို့အတွက်ဦးအောင်မြတ်နဲ့ဒေါ်မြလေးတို့စီစဥ်ပေးဖို့သာကျန်တော့တယ်ဗျ...''စေ့စပ်ပွဲပြီးသွားတော့အိမ်ကိုရောက်လာသောလူကြီးတွေကိုထမင်းကျွေးကာဧည့်ခံကြလေသည်။ရိုင်းလူကြီးတွေနဲ့စကားပြောနေတဲ့သူမကိုမျက်လုံးနဲ့အပြင်သို့လာခဲ့ရန်ခေါ်လိုက်လေသည်။ပန်းခြံထဲသို့ရောက်သော်သူမကျနော်ရဲ့မျက်နှာချင်းဆိုင်တွင်၀င်ထိုင်လိုက်လေသည်။

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now