အမုန်းလွန်ချစ်မေတ္တာ(part17)

419 17 0
                                    

''ကျစ်!!ငါဒီကောင်ကိုသေပြီးထင်နေတာကွ..''မင်းထွဋ်မဟာအားဆေးတိုက်ထားတာကားမှောက်ပြီးဟုထင်နေမိခဲ့သည်။သို့သော်သူထင်တာနဲ့တခြားစီပင်...

မကျေမချမ်းနဲ့မင်ထွဋ်တစ်ယောက်ဆိုဖာပေါ်တွင်၀င်ထိုင်လိုက်လေသည်။

''ဒယ်ဒီအခုဘာဆက်လုပ်မှာလဲကျတော်တို့မင်းထိုက်မဟာရဲ့အမွေတွေကိုအကုန်ရဖို့ဆိုရင်သူ့ကိုရှင်းပစ်မှဖြစ်မှာ...''

''နေစမ်းပါအုန်းငါ့သားရာမင်းကလည်းဘာတွေလောနေတာလဲ..မင်းထိုက်မဟာဆိုတာပေါ့သေးသေးကောင်တွေထဲမှာမပါဘူးဆိုတာမင်းလည်းသိသားနဲ့သူ့ကိုရှင်းပစ်ဖို့ဆိုရင်အကွက်ကျကျစီစဥ်ပြီးမှလှုပ်ရှားတာကောင်းတယ်''

''ဟုတ်တယ်ကိုထွဋ်..အန်ကယ်ပြောတာမှန်တယ်..ကိုထိုက်ကိုလုပ်ကြံဖို့ဆိုရင်အချိန်တစ်ခုတော့စောင့်ရလိမ့်မယ်...''

''မင်းထိုက်မဟာအခုတလောအပြင်ခနခနထွက်နေတာကျနော်သတိထားမိတယ်ဒယ်ဒီ..ဒိကောင်ဘယ်ကိုသွားနေတာလဲဆိုတာစုံစမ်းကြည့်ရမလား''

''ကိုထိုက်ကအခုတလောအိမ်မှာသိပ်မနေဘူးအပြင်ကိုဘဲခနခနထွက်နေတာသူ့မှာအကြောင်းတခုခုရှိနေမယ်လို့မြတ်ထင်တယ်...''

''ဒယ်ဒီကျနော်မင်းထိုက်မဟာနောက်ကိုနောက်ယောင်ခံလိုက်ပြီးစုံစမ်းရမလား..''

''မလိုဘူးငါ့သားမင်းသွားပြီးနောက်ယောင်ခံလိုက်ရင်သူသံသယ၀င်သွားနိုင်တယ်..အဲတော့ဒယ်ဒီတပည့်ကိုဘဲလှုပ်ရှားခိုင်းလိူက်မယ်...''

''အင်းအဲဒါသိပ်ကောင်းတယ်..မင်းထိုက်ရဲ့အမွေတွေသာကျနော်တို့လက်ထဲရောက်လာခဲ့ရင်..နတ်စည်းစိမ်သမျှခံစားလိုက်အုန်းမယ်ကွာဟားဟား..''

''ဟားဟား''

............

''ဦးမပြီးသေးဘူးလား..''

အပြင်မှာညနေစာထွက်စားမည်ဟုတေးမှဦးအားပူဆာထားသောကြောင်းညနေ၅နာရီထိုးချိန်မှာတေးကအဆင်သင့်ဖြစ်နေလေပြီး..ဦးကတော့အခုထိမပြီးသေးတာကြောင့်တေးဆူပုတ်ပုတ်နဲ့ဦးအားကြည့်ပြီးပြောတော့သည်။

''ပြီးပါပြီးဒေါ်အမုန်းတေးရယ်..တကယ်တည်းပွစိပွစိနေလိုက်တာအဘွားအိုပေါက်စကျနေတာဘဲ...''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now