အမုန်းလွန်ချစ်မေတ္တာ(part3)

456 20 0
                                    

မဟာရိုင်းအိမ်ရှေ့ကိုရောက်တော့ကားဟွန်းတီးလိူက်လေသည်။မကြာပါအိမ်ထဲမှလူငယ်တစ်ယောက်ထွက်လာပြီးမဟာ့အားမြင်တော့''ကိုမင်းထိုက်မဟာဘာကိစ္စလဲဗျ..''

ထိုလူရွယ်ကိုခေါင်းစခြေဆုံးကြည့်ပြီး နောက်''ရိုင်းအက္ကဆက်ရှိလားငါနဲ့သူနဲ့တွေ့ချင်တယ်...''

''ကျနော်ကိုရိုင်းကိုသွားပြောပေးပါ့မယ်ကိုမင်းထိုက်...ခနတော့စောင့်ပါ..''ပြောပြီးခန့်ကိုရိုင်းဆီသို့ထွက်သွားလေသည်။

''ကိုရိုင်းမင်းထိုက်မဟာကကိုရိုင်းနဲ့တွေ့ချင်တယ်တဲ့...''

*မဟာကဘာကိစ္စနဲ့ငါ့ကိုတွေ့ချင်တာလဲသူ့ညီမနန်းမြကြောင့်များလား*

ရိုင်းသေချာစဥ်းစားနေပြီးခနအကြာတော့

''ခန့်သူ့ကိုခြံတံခါးသွားဖွင့်ပေးလိုက်ပါ...''

''ဟုတ်ကဲ့ကိုရိုင်း..''ခန့်ထွက်သွားပြီးမကြာခန့်နဲ့အတူမဟာပါလာလေသည်။

''မဟာငါ့ကိုတွေ့ချင်တယ်ဆိုတော့အကြောင်းရှိလို့လား..''

''အင်းရှိတယ်..ဒီအချိန်မှာမင်းနဲ့ငါပူးပေါင်းမှဖြစ်မယ်...''

''နန်းမြကိုသတ်တဲ့တရားကိုရှာဖွေဖို့အကြောင်းရင်းလား''ရိုင်းကမေးလိုက်တော့မဟာကခေါင်းငြိမ့်ပြလေသည်။

''ဟုတ်တယ်ငါ့ညီမကိုသတ်ခဲ့တဲ့တရားခံကိုငါရှာချင်တယ်...အဲဒီတရားခံကဘယ်သူလဲဆိုတာသိချင်တယ်.မင်းငါနဲ့ပူးပေါင်းပေးပါရိုင်းအက္ကဆက်...''

''ငါလည်းအခုချိန်မှာမင်းနဲ့ပူးပေါင်းဖို့ဆန္ဒရှိပါတယ်...မဟာမင်းညီမကိုသတ်ခဲ့သူကိုငါသိရပြီး..''ရိုင်းအပြောကြောင့်မဟာချက်ချင်းဆိုဖာမှထရပ်မိသွားသည်။

''ဘယ်သူလဲရိုင်း...''

''စစ်မင်းလွင်!!''

''စစ်မင်းလွင်..ဘယ်သူလဲ...''

''သူကနန်းမြကိုတစ်ဖက်သတ်သဘောကျနေသူသူနန်းမြကိုလိုက်နေခဲ့တာ၅နှစ်ရှိပြီး...''

''အခုအဲကောင်ဘယ်မှာလဲရိုင်း...''

''ထွက်ပြေးသွားပြီးငါ့လူတွေကိုသူ့အိမ်ပတ်၀န်းကျင်မှာလွှတ်ထားတယ်..မင်းစိတ်မပူနဲ့...''

ဦးရဲ့အမုန်းတော်ခံကျွန်ဇနီး(or)အမုန်းလွန်ချစ်မေတ္တာWhere stories live. Discover now