1.4K 109 0
                                        

🎼🎼🎼မြနဲ့မောင်နဲ့ ခုမှတွေ့တာ လူပါးမဝခင်တုန်းက

ပြောကြတော့ ရယ်စရာပါ...

ထဘီလေးတိုတိုဝတ်ကာ မြငယ်စဥ်ခါ....

လူထဲမဝင်ခင်သေးတော့ အလှပြင်ဆင်ရှာ....

ရင်ရင် ကုန်ကုန်ပြောမယ်....

တောတသက်မို့ ဘယက်ဒွာဒရာ....

ရွှံ့တွေကပ်စေးကပ်စေး ပုတီးလုပ်ကာသုံးတတ်ပါတယ် အုန်းမှုတ်ခွက်ကိုရှာ ရှာ...

ဒေါ်လာပြားက ဆယ့်ငါးပြားလောက်ဆွဲတတ်တာ....

ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလောက်မပျော်ပါ။

ကျွန်မတို့ဆီကို လိုက်လို့ပို့ပါ 'လိုက်လို့ပို့မယ်'ပြောလို့သူညာ....

မရောက်တာကြာလို့ လွမ်းတဲ့နေရာ🎼🎼🎼"

ပွဲခင်းတစ်ခုလုံး မင်းသမီးရဲ့ မင်းသားကို ဆိုးနွဲ့ချော့မြူနေတဲ့ သီချင်းသံက ဖုံးလွှမ်းထားလျက်ရှိ၏။

မနက်လေးနာရီမှထွက်တဲ့ ဇာတ်နှစ်ပါးခွင်က မင်းသားမင်းသမီးတွေ၏ အဆိုအကမြိုင်မြိုင်...။ လူရွှင်တော်တွေရဲ့ ဟာဒယရွှင်ဆေးလှိုင်လှိုင်နဲ့ ဆိုင်းသံ၊ဗုံသံ အတီးပိုင်ပိုင်နိုင်နိုင်တွေကြားမှာ ပွဲခင်းထဲက ပရိတ်သတ်မှာ စျာန်ဝင်နေကြသည်။

မြူးမြူးကြွကြွ စတိတ်ရှိုးတုန်းက အားရပါးရ ခုန်ပေါက်ကခုန်ထားကြတဲ့ ကာလသားများမှာ ခုချိန်မှာတော့ မောပန်းသွားကြပြီဖြစ်ကာ ငြိမ်ငြိမ်လေး ပွဲကြည့်နေကြလေပြီ...။

ညဥ့်ဦးပိုင်းတုန်းက ပွဲခင်းထဲ အိပ်ပျော်နေကြသူများလည်း အိပ်ရေးဝလို့ ထလာကြကုန်ပြီမို့ စတိတ်ရှိုးတုန်းကလို ကာလသားတွေရဲ့အော်ဟစ်သံတွေ ညံမနေပေမယ့် ညဥ့်နက်နက် နှစ်ပါးသွားခွင်က လက်ခုပ်သံများ၊ ရယ်မောသံများနဲ့ မြိုင်နေလေပြီ...။

"🎼🎼🎼အတောဘယ်လိုတောတော....

အဆန်းဘယ်လိုပြောပြော....

နားဝင်ချိုအောင် ဘယ်လိုပြောပြော.....

သဘောအကြိုက်တော့ မလိုက်နိုင်ပါပြီတစ်ခါ...

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now