ပန်းနုနုဲ့သုတတို့ ကားဂိတ်သွားစစ်ဆေးချိန်၌ ကံကောင်းတိုက်ဆိုင်စွာနဲ့ ဧည့်သည်တွေ ရောက်လာတာကို တွေ့လိုက်ရသည်။
လူငယ်လေးနှစ်ယောက်မှာ အံ့ဩသွားကာ မရည်ရွယ်ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူတွေးမိကြသည်။
ဧည့်သည်ရောက်လာမှာ မလေးပျိုက ကြိုသိနေသည်လား...။
ကားပေါ်မှ အထုပ်ကိုယ်စီနဲ့ ဆင်းလာကြသူ အမျိုးသမီးလှလှလေး ၃ယောက်သည် ယောင်လည်လည်ဖြစ်နေဟန်ပင် မရှိဘဲ ပန်းနုတို့နှစ်ယောက်ဆီ တန်းလာကြ၏။
ချောမောလှပပြီး ခေတ်ဆန်စတိုင်ကျစွာ ဝတ်စားဆင်ယင်ထားသော အမျိုးသမီးငယ်လေးတွေပင်။
ရှေ့ဆုံးမှ ရွှေရောင်ဆံနွယ်ခွေများနဲ့ အမျိုးသမီးသည် သူမမျက်နှာသေးသေးလေးပေါ်မှ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပန်းနုကို ရင်းနှီးစွာ ပြုံးပြလာ၏။
"ဘုန်းရောင်ပျိုတို့မြို့ဟုတ်တယ်မလား ညီမ...."
"အာ ဟုတ်ပါတယ်...။ ဒါနဲ့ မလေးပျိုမိတ်ဆွေတွေလားရှင်..."
"ဟုတ်ပါ့...။ ဒါနဲ့ ညီမလေးတို့က ဒီမြို့သားတွေလား..."
"ဟုတ်ကဲ့...။ ညီမတို့က ဒီမြို့ခံတွေပါဘဲ။ တွေ့ရတာ ဝမ်းသာပါတယ် အစ်မတို့..."
မမလှလှလေးတွေအား ပန်းနု ဖော်ရွေရင်းနှီးစွာပဲ ပြုံးပြနှုတ်ဆက်လိုက်၏။
"အေးကွယ်.."
သုတသည်လည်း ကြောင်အမနေတော့ဘဲ ဧည့်သည်တွေအား အပြုံးကြီးကြီးတစ်ခုနဲ့ ဖော်ရွေစွာ ဝင်နှုတ်ဆက်သည်။
"မင်္ဂလာပါ အစ်မလေးတို့ ..."
"အေး မင်္ဂလာပါကွယ်..."
"မလေးပျို မိတ်ဆွေဧည့်သည်တွေဆိုတော့ မလေးဆီ အရင်သွားကြမလားရှင်..။ ညီမတို့ လိုက်ပို့ပေးပါ့မယ်..."
ပန်းနုမေးလိုက်တော့ အမျိုးသမီးလေး၃ယောက်လုံး စူပုပ်ပုပ်မျက်နှာလေးတွေ ဖြစ်သွားကာ ခေါင်းယမ်းပြသည်။
"ဟင့်အင်း...။ တို့တွေက ဒီမြို့ကို လေ့လာဖို့ ခရီးသွားဧည့်သည်တွေအနေနဲ့ လာကြတာပါ...။ သူ့ဆီ လာကြည့်တာမဟုတ်ဘူး..."
YOU ARE READING
မေတ္တာနုနုစေလိုသူ (Complete)
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။
