၂၂

988 58 2
                                        

"ခဏလောက်နားပါဦး ရှင်မင်းရဲ့..."

ကီးဘုတ်ပေါ် ပြေးလွှားနေဆဲ လက်များအား ခိုင် ဆွဲယူကာ ရှင်မင်းမျက်နှာလေးကိုပါ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်သည်။

"ဟာကွာ..."

မျက်မှန်ဝိုင်းလေးအောက်က မျက်ဝန်းလှလှ‌များက ခိုင့်အား အလိုမကျဟန် စူးစိုက်ကြည့်လာ၏။

"လက်စသတ်တော့မှာကို..."

"တစ်ဝက်တောင်ကျန်သေးတာလေ။ နေ့မအိပ်၊ညမအိပ် လုပ်ဦးမလို့လား...။ မင်း မျက်လုံးက ပန်ဒါဖြစ်နေပြီ"

ဆူပူရင်း ကွန်ပျူတာမျက်နှာပြင်က ရေးလက်စ ဖိုင်အား ခိုင် saveပြီး ပိတ်လိုက်တော့သည်။

ရှုပ်ပွနေတဲ့ ရှင်မင်းရဲ့ ဆံနွယ်လေးများထဲ လက်ထိုးထည့်ကာ ခေါင်းကို အသာနှိပ်ပေး၏။

"နို့သောက်လိုက်ဦး...။ အလုပ်တွေ အရမ်းကြိုးစားနေတဲ့ မင်း အားပြည့်နေဖို့လိုတယ်"

နွားနို့ဖန်ခွက်အား တစ်ကြိုက်ထဲမော့ချပစ်ပြီး ရှင်မင်းက ခုံမှထကာ အိပ်ယာဆီ သွားလှဲသည်။

ရှင်မင်းဘေးနား ခိုင် ဝင်လှဲကာ သက်ပြင်းဖွဖွချမိ၏။ ရှင်မင်းဘက်လှည့်ကြည့်လိုက်တော့ မချောလေးက အပေါ်မျက်နှာကျက်ကို တွေတွေကြီး စိုက်ကြည့်နေဆဲ။

နှာတံစင်းစင်းလေး ဖြောင့်တန်းနေပြီး ဘေးတိုက်မျက်နှာအနေအထားလေးကပင် လှပပြီးပြည့်စုံနေသူလေး။

"စာအုပ်ဆိုင်လည်း အဆင်ပြေပြေ လည်ပတ်နိုင်နေပြီဘဲ။ မင်း အလုပ်လျှော့လုပ်လို့ရပါပြီ..."

"ပထမဆုံး ဆိုင်ခွဲကို နောက်နှစ်ဖွင့်နိုင်ချင်တာ။ ယဉ်ကျေးမှုစာအုပ်ဆိုင်မဟုတ်ဘဲ စာပေနဲ့ပန်းတွေ ပေါင်းစပ်ထားတဲ့ စာပေဥယျာဉ်ကို ငါ ဒီဇိုင်းဆွဲနေတာ..."

ရှင်မင်းစကားကြောင့် ခိုင် အံ့ဩသွား၏။ ရှင်မင်းစိတ်ကူးတွေကတော့ အမြဲတမ်းဆန်းသစ်လှ‌ပနေတာဘဲ...။

"မင်း ဘယ်မှာ ဖွင့်ချင်တာလဲ..."

"ဘုန်းရောင်ပျို နေရာမှာပေါ့...။ လွန်ခဲ့တဲ့နှစ်နှစ်က မင်း ဘုန်းရောင်ပျိုနဲ့ ပူးပေါင်းလုပ်ဖို့ ကတိပေးခဲ့တယ်မလား...."

မေတ္တာနုနုစေလိုသူ (Complete)Donde viven las historias. Descúbrelo ahora