၂၀

1.2K 76 1
                                        

ဘဝခရီးလမ်းသည် လူက ပထမဆုံးခြေတစ်လှမ်းချပြီးသည်နှင့် နောက်ထပ်ခြေလှမ်းတစ်ရာအား ခက်ခဲမှုအပြည့် စီစဉ်ထားနှင့်ပြီးသားပင်။

ဘုန်းရောင်တို့ ရွာပြန်ရောက်ပြီးနောက် ရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် လူကြီးများနဲ့ အစည်းအဝေးထိုင် ဆွေးနွေးကြသည်။ ရွာလူကြီးများကို စည်းရုံးရသည်မှာ ခက်ခဲလှသည်။

ဘုန်းရောင်က မိန်းကလေးတစ်ယောက်ဖြစ်သည်မို့ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်မျိုး မလုပ်နိုင်ဟု တစ်ထစ်ချတွက်ကြသည်။ မြို့မှာ ပညာတွေသင်ယူခဲ့လို့သာ အထင်မသေးကြပေမယ့် အထင်ကြီးထောက်ခံကြတာမျိုး မရှိကြ။

"ကျုပ်သမီးလုပ်ချင်တာ မှန်သမျှ ကျုပ်နောက်ကနေ အပြည့်အဝထောက်ပံ့မယ်။ ရှိသမျှ စည်းစိမ်ကုန်ပေ့စေ...။ ဒီစီမံကိန်း ဘယ်လောက်ကြီးကြီး ကျုပ်သမီးက လုပ်ကိုလုပ်နိုင်တယ်"

ဘိုးလူပေ၏ ပြတ်ပြတ်သားသားထောက်ခံမှုကြောင့် ရွာလူကြီးတချို့က လက်ခံလာကြသည်။

"ကျွန်တော်လည်း လေးပျိုကို ထောက်ခံတယ်။ ဒီရွာတိုးတက်အောင် လုပ်ဖို့ မြို့မှာဆက်မနေဘဲ ကျွန်တော်ပြန်လာခဲ့တာ။ ဒါဟာ ကျွန်တော်တို့လူငယ်တွေ လုပ်ကိုလုပ်သင့်တဲ့၊ ကြိုးစားလုပ်ဆောင်ရမယ့် တာဝန်တစ်ခုပါ..."

လပြည့်ရဲ့ သဘောထားက ဘုန်းရောင် မထင်မှတ်ထားသည့်အရာပင်။ ကျေးဇူးလည်း တင်မိသည်။

ထိပ်ဆုံးခုံမှာ ဘိုးလူပေနဲ့ ယှဉ်တွဲထိုင်နေသည့် ဘစံလှက စစတုန်းက ကန့်ကွက်ချင်သည့်ပုံစံနဲ့ မျက်မှောင်ကုတ်ကာ မိန့်မိန့်ကြီးထိုင်နေတာပင်။ လပြည့်ရဲ့စကားကြောင့် ဘစံလှ၏ သဘောထားက ပြောင်းလဲသွား၏။

"သူ့သမီးတောင် လုပ်နိုင်မှတော့ ကျုပ်သားလည်း လုပ်နိုင်တယ်။ ဒီစီမံကိန်း ဖြစ်‌ကိုဖြစ်စေရမဟေ့..."

ရွာ့မျက်နှာဖုံး ဩဇာရှင် အဖိုးကြီးနှစ်ယောက်က ပြတ်ပြတ်သားသားထောက်ခံနေပြီဆိုမှတော့ အဖွဲ့ဝင်များက ပြောစရာမလိုတော့ပေ။

ဘုန်းရောင်၏စီမံကိန်းသည် ကြီးမားလှသည်မို့ တမာတောတစ်ရွာတည်း လုပ်ဆောင်နိုင်ဖို့ အဆင်မပြေပါချေ။ လူအင်အား၊ပညာအင်အား၊ငွေအင်အား၊ အချိန် အများအပြား လိုအပ်လှသည်။

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now