၁၈

1.1K 77 2
                                        

အိမ်ပြန်လမ်းသည် စိုးရိမ်မှုများစွာနဲ့ ဖြတ်ကျော်ခဲ့ရသော ခရီးဖြစ်ခဲ့သည်။

လမ်းတစ်လျှောက်လုံး သက်ဝေမျက်နှာလေးကိုသာ ဘုန်းရောင် အရိပ်တကြည့်ကြည့် ရှိနေမိ၏။

အေးချမ်းလှပသော သက်ဝေ မျက်နှာလေးသည် အများကြီး စိုးရိမ်နေဟန်မရှိပါ။ သူ့ကိုပင် သက်ဝေက ပြန်အားပေးလာ၏။

"အများကြီးစိတ်မပူပါနဲ့...။ သက်ဝေတို့ဖြစ်သင့်တဲ့ ဘဝတစ်ခုဆီကိုပဲ ပြန်လာခဲ့ကြတာလေ။ မလေးအနား သက်ဝေ အမြဲတမ်းရှိမှာ...။ သက်ဝေတို့ အတူတူရင်ဆိုင်ကြတာပေါ့..."

လက်ဖဝါးနုနုလေးတွေ၏ နွေးထွေးမှုသည် ရင်တွင်းက သောကအပူတွေအား အေးချမ်းစွာ ချုပ်ငြိမ်းစေသည်။

တမာတောအဝင်ထိ စက်လှေစီးခဲ့ရပြီး လှေပေါ်ကဆင်းတာနဲ့ ကိုကြီးလာကြိုသော လှည်းပေါ်တက်ရသည်။

ဘုန်းရောင်ခေါင်းလေးအား ဖွဖွအုပ်ကိုင်ကာ ကိုကြီးသည် နွေးထွေးစွာ ပြုံးရယ်ရင်း

"အမေက ညီမလေးကို အများကြီးအောက်မေ့နေတာပါ...။ ညီမလေးတို့ တောင်းပန်တာနဲ့ စိတ်ပြေသွားမှာ။ စိတ်မပူနဲ့...."

အမေ့အကြောင်း တွေးမိသည်နဲ့ မျက်ရည်ဝဲလာသည်ကို ထိန်းမရ။ ရွေးလိုက်သည့်လမ်းအား နောင်တမရပေမယ့် အပြစ်ရှိစိတ်တို့ ခံစားရသည်။

သူ့အပေါ် မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတတ်သော အမေ့ကို အားနာရပါ၏။

ရွာလမ်းတစ်လျှောက်က လူတွေရဲ့ အမျိုးမျိုးသော အကြည့်တွေအား ရင်ဆိုင်ရချိန် ဘုန်းရောင် သက်ဝေအပေါ် အပြစ်ရှိ၊အားနာစိတ်တို့နဲ့ ဝမ်းနည်းခံပြင်းမိသည်။

သူ့ရဲ့အဖိုးတန်မိန်းကလေးဟာ လူတွေ အထင်သေးကြည့်ရှုခံရတာ မဖြစ်သင့်ပေ။

စိတ်စောလွန်းလှသော သူ့ဆုံးဖြတ်ချက်ကြောင့် အများဆုံးထိခိုက်ရသူမှာ သက်ဝေ ဖြစ်သွားသည်။

သူတို့က ဘာအပြစ်မှမလုပ်ထားပါသော်လည်း အပြစ်သားတွေသဖွယ် ကြည့်ရှုကဲ့ရဲ့ခံရသည်။

"မိန်းမချင်း မကြံကောင်းမစည်ရာတွေပါတော်..."

"ဘယ်ကပေါက်လာမှန်းမသိဘဲ မင်္ဂလာဆောင်တော့မယ့်လူကို ကြံသွားတာ...။ မျိုးကောင်းမယ့်ပုံမပေါ်ဘူးတော့..."

မေတ္တာနုနုစေလိုသူ (Complete)Место, где живут истории. Откройте их для себя