AN💚

1.1K 45 6
                                        

လိုအပ်ချက်တွေ အများကြီးနဲ့ နောက်ထပ်လက်ရာလေးတစ်ခုကို ဆုံးခန်းတိုင်အောင် လုပ်နိုင်ခဲ့ပြန်ပါပြီ။ ( အနည်းငယ်ဂုဏ်ယူပျော်ရွှင်နေသော အီမိုဂျီ)

မနေ့ကထဲက ရေးထားပေမယ့် မခွဲနိုင်တာရော၊ ဝမ်းနည်းနေတာရောမို့ ရေးရင်းနဲ့ အားမရှိတော့လို့ မတင်ဖြစ်ခဲ့တာ ဆောရီးပါ (⁠╯⁠︵⁠╰⁠,⁠)

ကြားထဲ အချိန်တွေအကြာကြီး ပျောက်သွားပြီးမှ လိုအပ်ချက်တစ်ပုံတစ်ပင်နဲ့ လက်စလာသတ်ဖြစ်တဲ့ ficလေးပါပဲ။

ဇာတ်လမ်းဆုံးသွားတဲ့အချိန် ကိုယ့်ဇာတ်ကောင်တွေကို အနည်းငယ်တောင် အားနာမိပါတယ်။ ပြီးပြည့်စုံအောင် ရေးသားဖို့စိတ်ကူးရှိပေမယ့် ကိုယ့်ပါရမီက အရမ်းကိုလိုအပ်ချက်များနေတာမို့ သူတို့လေးတွေအတွက် ပြည့်စုံအောင်၊တာဝန်ကျေအောင် ပုံမဖော်ပေးနိုင်ခဲ့ဘူးလို့ပဲ ခံစားရပါတယ်။

အကြာကြီးနေမှပြန်လာတာတောင် စောင့်နေကြပေးတဲ့ တစ်ယောက်ချင်းစီကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ မြသားငယ်ရေးထဲက သဘောကျခဲ့တာလို့ ပြောတဲ့စကားလေးတွေကိုကြားရတာ တကယ်ကို ပျော်ရွှင်ခဲ့ပါတယ်💚။ အရေးအသား လိုအပ်ချက်တွေ အများကြီးရှိတာကိုတောင် သဘောကျပေးလို့ တကယ်ကျေးဇူးတင်ပါတယ်။

လိုအပ်နေတာတွေ များများလေ့လာပြီး နောက်ထပ်ဇာတ်ကောင်အသစ်လေးတွေနဲ့လည်း ပြန်လာခဲ့ပါဦးမယ်။

အချိန်တွေအကြာကြီး အပြီးမသတ်သေးတဲ့အရာတစ်ခု ပြီးဆုံးသွားလို့ စိတ်ထဲတော့ပေါ့သွားပါပြီ။  ဘုန်းရောင်နဲ့သက်ဝေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ချမ်းမြေ့ခဲ့ရမယ်လို့ မျှော်လင့်ပါတယ်💚




မေတ္တာနုနုစေလိုသူ (Complete)Donde viven las historias. Descúbrelo ahora