ယဉ်ကျေးမှုစာပေဥယျာဉ်စီမံကိန်းသည် တောင်ရိုးမြို့တွင် စတင်နေလေပြီ။
နှစ်သစ်ကူးပြီး နှစ်လအကြာ၌ တောင်ရိုးမြို့နဲ့ အနီးဆုံးကဆက်သွယ်ရေးအချက်အချာမြို့ဖြစ်တဲ့ ကမာမြို့ကြားက ကားလမ်းသည် ဖောက်လုပ်ပြီးစီးလေသည်။
လမ်းပန်းဆက်သွယ်ရေးသည် ပိုမိုချောမွေ့လာပြီး လျှပ်စစ်မီးစီမံကိန်းကိုလည်း စတင်နေပါ၏။
ထိုအချိန်အတွင်း ခရီးသွားဧည့်သည်များက တစ်ယောက်စ၊နှစ်ယောက်စ ရောက်လာကြသည်။ တစ်ခါတစ်ရံ အုပ်စုလိုက်အဖွဲ့များလည်း လည်ပတ်လာကြလေသည်။
လေပြည်တံတိုင်းဝန်းထဲက ဧည့်နေဆောင်တွေတောင်မှ ငှားရမ်းနေထိုင်သူ ဧည့်သည်တွေ ရှိလာသည်။ ဧည့်နေဆောင် ၄ဆောင်မှာ ငှားရမ်းသူအသီးသီး ရှိနေချေပြီ။
လေပြည်တံတိုင်းဝန်းရှိ အခန်းများကို အနည်းဆုံး၃လ စာချုပ်နဲ့ ငှားရမ်းရလေသည်။ ငှားရမ်းနေထိုင်သူတွေ ရှိလာတော့ ခြံဝန်းသန့်ရှင်းရေးအတွက် အလုပ်သမား ငှားရတော့သည်။ လူငယ်တွေမထားဘဲ ဘုန်းရောင်က ရွာထဲရှိ အဒေါ်ကြီးတွေထဲက ရွေးချယ်ခန့်ထားလိုက်သည်။
အဒေါ်ကြီးတွေသည် အလုပ်လုပ်ရာတွင် ပိုပြီးစေ့စပ်သေချာကာ အဆင်ပြေစေလိမ့်မည်ပင်။ ထို့ပြင် လယ်ယာအလုပ်နဲ့ ဥယျာဉ်ခြံတို့သည် ဆယ့်နှစ်ရာသီပတ်လည်လုံး အလုပ်များနေတာမျိုး မဟုတ်ပါချေ။ အလုပ်များသည်ဆိုလျှင်တောင် ယောက်ျားသားများသာ အများဆုံး လုပ်ကြပေလိမ့်မည်။
အချိန်အများစုတွင် အဒေါ်ကြီးများက အိမ်အလုပ်သာရှိပြီး သီးနှံများ ရိတ်သိမ်းချိန်မှ အလုပ်များတာမို့ ကျန်တဲ့အချိန်တွင် သူတို့အတွက် အပိုဝင်ငွေရှာဖို့ အလုပ်တစ်ခုအား ကောင်းမွန်စွာ လုပ်နိုင်ကြလိမ့်ပင်။
လေပြည်တံတိုင်းဝန်းထဲရှိ လူနေအခန်းများကို ငှားရမ်းသူကိုယ်တိုင် သန့်ရှင်းရမည်ဖြစ်ပြီး အလုပ်သမားအဒေါ်ကြီးသည်တော့ ခြံဝန်းနဲ့ မီးဖိုဆောင်အတွက်ပဲ တာဝန်ယူပေးလိမ့်မည်။
ရေရှည်အပန်းဖြေနေထိုင်သူများ ရှိလာသည်မှာ ဝမ်းသာစရာပါပင်။
STAI LEGGENDO
မေတ္တာနုနုစေလိုသူ (Complete)
Storie d'amoreမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။
