၂၆

997 67 2
                                        

နွေလယ်ညရဲ့ လပြည့်ဝန်းက ထိန်ထိန်သာနေလျက်...။

လဝန်းကို ခြံရံ၍ တိမ်မျှင်ပါးပါးတွေကြား ကြယ်စင်အစုအဝေးတို့ တောက်ပနေကြ၏။

လေနုအေးတို့ ပက်ဖြန်းသွေးနေသည့် လေပြည်တံတိုင်းဝန်းထဲမှာ မီးပုံပွဲအသေးလေးက သက်ဝင်စည်ကားနေသည်။

ခြံဝန်းလေးထဲမှာ ဒီနေ့မှ တောင်ရိုးမြို့ကို အလည်လာတဲ့ ဧည့်သည်မမသုံးယောက်ဖြစ်တဲ့ ရှင်မင်း၊ခိုင်နဲ့သိင်္ဂီတို့နဲ့အတူ ဘုန်းရောင်နဲ့သက်ဝေ၊ ဘုန်းမောင်နဲ့သူဇာ၊ လပြည့်၊သုတတို့ ရှိနေကြ၏။

စားပွဲအပြည့် အစားအသောက်များကို စားကြရင်း အချင်းချင်းမိတ်ဆက်ကာ ထွေရာလေးပါး ပြောနေကြသည်။

"ယဉ်နှောင်းသက်ဝေ အဲ့ချိန်တုန်းက ဘာကိုယုံကြည်ပြီး ဘုန်းရောင်ပျိုနောက် လိုက်သွားတာလဲ...။ သူရဲ့ ဒီလောက် အားကိုးမရတဲ့ပုံစံကိုလေ..."

ရှင်မင်းက ဘုန်းရောင်တစ်ကိုယ်လုံးအား အထင်သေးစွာ မဲ့ရွဲ့စုန်ဆန်ကြည့်ရင်း မေးသည်။

သက်ဝေမျက်နှာလေးမှာတော့ နူးညံ့တည်ငြိမ်သည့် အပြုံးလေးသာ ရှိနေလျက်။

"ကျွန်မက မလေးကိုဘဲ ယုံတာ...။ ဒီလောကကြီးထဲ ပထမဆုံး ခြေချပြီး ပထမဆုံး မှတ်မှတ်ရရဆုံတဲ့ လူသားက မလေးလေ...။ သူ ကျွန်မအသက်ကို ကယ်ခဲ့တယ်...။ အဲ့ဒီ့အချိန်ထဲက ကျွန်မ သူ့တစ်ယောက်တည်းကိုပဲ ယုံဖို့ဆုံးဖြတ်လိုက်တာ...."

"မင်းကို ရွာသေးသေးလေးထဲ ဆင်းဆင်းရဲရဲထားတာတောင် စိတ်မပျက်ဘူးလား...။ မင်းအရည်အချင်းတွေနဲ့ဆို ဘယ်နေရာမှာမဆို အကောင်းဆုံးရှင်သန်လို့ရတယ်..."

"အဲ့ဒါက ကျွန်မပျော်ရွှင်တဲ့ ဘဝပါ...။ ကျွန်မက မလေး သွားရာနောက်ကို ဖဝါးထပ်မျှ လိုက်မယ့်လူမျိုးပါ...။ မလေးက အနိမ့်ဆုံးကို ဆင်းချင်ရင် ကျွန်မက အမြင့်ဆီ ယောင်လို့မော့ကြည့်မှာမဟုတ်သလို မလေး အမြင့်ကို သွားရင်လည်း ခြေတစ်လှမ်းမှမကျန်ခဲ့အောင် ကျွန်မ အစွမ်းကုန်ကြိုးစားပြီး လိုက်ခဲ့မှာ...."

သက်ဝေစကားကိုကြားတော့ လူတိုင်းငြိမ်သက်သွားကြ၏။

လက်တွဲဖော်ဟူသည် ဤသို့ပင်ဖြစ်လိမ့်မည်။

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now