၃၂

1.2K 61 3
                                        

"မင့်ညီမကို အပ်ခဲ့ပြီ လေးပျို...။ စာအုပ်ဆိုင်အတွက် မပူနဲ့တော့။ ဘထွေး ပြန်ရောက်တာနဲ့ အတွင်းရေးမှူးကို လွှတ်ပေးလိုက်မယ်..."

"ကျေးဇူးတင်ပါတယ် ဘထွေး..။ ခင်လေးကိုလည်း စိတ်မပူပါနဲ့။ သမီး သေချာစောင့်ရှောက်ပါ့မယ်..."

တောင်ရိုးမြို့၌ တစ်ပတ်မျှ နေထိုင်ပြီးသည့်နောက် ဦးလူငွေတို့လင်မယားက မြို့တော်သို့ ပြန်ကြပေတော့မည်။ ခင်လေးကိုတော့ ဘုန်းရောင်တို့နဲ့ နှစ်လ ထားခဲ့ဖို့ သဘောတူပြီးပြီပင်။

ညို့မှိုင်းသည့် အကြည့်များနဲ့ ဦးလူငွေ သူ့ရဲ့မွေးရပ်မြေအား နောက်ဆုံးတစ်ခေါက်ကြည့်သည်။ ထို့နောက် ဘုန်းရောင်ဘေးက သက်ဝေကို ကြည့်ပြီး အသိအမှတ်ပြုသည့် အပြုံးတစ်ပွင့် ပေးလာသည်။

သက်ဝေလည်း နွေးထွေးသည့် အပြုံးလေးနဲ့ ဦးလူငွေအား ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။

ခင်လေးနဲ့သူ့အမေ အလွမ်းသယ်ပြီးသွားချိန်၌ သူတို့တွေ ပြန်ဖို့ပြင်ကြတော့သည်။

ကားပေါ်တက်ခါနီး ဘုန်းရောင် ပခုံးအား နှစ်ချက်မျှပုတ်ပြီး အားပေးလာ၏။

"တော်တယ်...။ ဆက်ကြိုးစား..."

တောင်ရိုးမြို့ရဲ့ ပြောင်းလဲမှုတွေအတွက် ဘထွေးက သူ့ကို အားပေးတာမှန်း ဘုန်းရောင် သိလေသည်။ ထို့ကြောင့် ညင်သာသည့် အပြုံးတစ်ပွင့်နဲ့ ဘုန်းရောင် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့..."

တောင်ရိုးမြို့ဆီမှ ထွက်ခွာသွားသော ကားလေးက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိ သူတို့ ကြည့်နေကြသည်။

ဘ‌ထွေးတို့ကားအနက်ရောင် ထွက်သွားပြီးနောက် ကား‌အဖြူရောင်တစ်စီးက တောင်ရိုးမြို့ဆီ ဦးတည်လာနေ၏။

"အိမ်ပြန်ကြရအောင်..."

ဘုန်းရောင်ပြောလိုက်တော့ ခင်လေးက ပျာပျာသလဲ ဖြစ်သွားကာ

"အာ...နေပါဦး မမကလည်း..။ ဟိုမှာ ဧည့်သည်တစ်ယောက် လာနေတယ်လေ..."

ဘုန်းရောင်တို့ကို ဆွဲထားပြီး လာနေသောကားကို ခင်လေးက ညွှန်ပြသည်။

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now