မြို့ကြီးပြကြီးက မမချောသုံးယောက်သည်လည်း ဒီနှစ်သင်္ကြန်ပွဲတော်အား တောင်ရိုးမြို့မှာဘဲ ဆင်နွှဲကြ၏။
မြို့ငယ်လေးထဲ မြို့ကြီးတွေလို သင်္ကြန်မဏ္ဍပ်ကြီးတွေ ရှိမနေပါ။ ရပ်ကွက်ထဲက လူတွေစုပေါင်းထိုးထားသော မဏ္ဍပ်အသေးလေးတွေဆီသာ လျှောက်လည်၍ ရေကစားကြရသည်။
ရေပက်ခံကစားသူများအပြင် သူ့မဏ္ဍပ်ဆီသွားပက်၊ ကိုယ့်မဏ္ဍပ်ဆီ လာပြန်ပက်နဲ့ မြန်မာ့နှစ်ကူး ရိုးရာပွဲတော်သည် အတော်လေးပျော်ရွှင်စရာကောင်းသည်။
အုန်းလက်တွေနဲ့ ဆောက်ပြီး ငုဝါပန်းများ ဝေဝေဆာဆာ ဆင်ထားသော သင်္ကြန်မဏ္ဍပ်ငယ်လေးများသည် တောင်ရိုးမြို့လမ်းမတစ်လျှောက် ဝါထိန်တောက်နေ၏။
ရေဆော့ကြသူများမှာ ငွေဖလား၊ ဝါးရေဗြွတ်များနဲ့ ပက်ကြပြီး သနပ်ခါးများ အတင်းလူးပေးကြသည်။ မိန်းမပျိုလေးများဆီ လူပျိုများ လာလောင်းသော ငွေဖလားထဲတွင်တော့ ပိတောက်ခက်များပါ ရှိနေလျက်။
သင်္ကြန်စတုဒီသာများဖြစ်တဲ့ မုန့်လုံးရေပေါ်၊သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်းနဲ့ အအေးများစသည် အစားအစာတွေကို လှူကြသူများက ပေါများနေပေ၏။
တစ်နေကုန် ရေလျှောက်ကစားလျှင်တောင် ဗိုက်ဆာကြမည်မဟုတ်ပါ။ မုန့်စားလိုက် ရေကစားလိုက် လုပ်ရုံပင်။
သင်္ကြန်အတွင်းမှာ ဘုန်းရောင်နဲ့သက်ဝေတို့သည်တော့ လေးရက်လုံး လွတ်လွတ်လပ်လပ် ပျော်လို့မရနိုင်ပေ။ နှစ်ရက်ကို ဥပုသ်သီလစောင့်တည်ဖို့ ဒေါ်လှရင်ရဲ့ ဆုံးမဩဝါဒရှည်ကြီး ခံယူလိုက်ရလေသည်။ ထို့ကြောင့် အကျနေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့ကိုပဲ ဥပုသ်လိုက်စောင့်ဖို့ ကတိပေးလိုက်ရသည်။
သင်္ကြန်လေးရက်ရဲ့ အစည်ကားဆုံး အကြတ်၊အတက်ရက်များအား သူတို့တွေ ရေကစားရင် ဗီဒီယိုဖိုင်များ ရိုက်ကူးရပေမည်။ သူတို့မြို့လေးအား ကြော်ငြာဖို့ ဒီလိုသဘာဝဆန်ဆန် ရိုးရာပွဲတော်များ ထည့်သွင်းရပေမည်။
တစ်မြို့လုံးက မဏ္ဍပ်တွေဆီ လျှောက်သွားကာ ရေကစား ပျော်ရွှင်နေကြသည့် ကလေးရော၊ခွေးပါမကျန် အကုန်ရိုက်ကူးရသည်။ လူတွေအား ချိန်ညှိကာ သရုပ်ဆောင်ခိုင်းလို့လည်း မရပေ။ ရိုးသားကြသော အနှီရွာသားတို့သည် ကင်မရာမြင်တာနဲ့ လှုပ်ရှားမှုတွေက ကြောင်အမ်းအမ်းဖြစ်သွားကြသည်မို့။
ВЫ ЧИТАЕТЕ
မေတ္တာနုနုစေလိုသူ (Complete)
Любовные романыမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။
