၂၄

1K 75 0
                                        

မာယာမြိုင်ခြံဝန်း၏ ဝါးရုံတောအနောက်ဘက်မှ စီတန်းနေသည့် အုတ်ဂူဖြူဖြူများ...။

ဘကြီးကလွဲ၍ မာယာမြိုင်နောက်ဆုံးမျိုးဆက်မှ အရိုးပြာအိုးများကို ဒီခြံထဲ ဂူသွင်းမြှုပ်နှံထားသည်။

ဦးမင်းမြတ်ဝေ၏ အုတ်ဂူနံဘေးတွင်မူ 'မောင်ခက်ညိုနဲ့ မစံကားဖြူ'ဟူသည့် အုတ်ဂူငယ်လေးနှစ်ခု တည်ရှိနေ၏။

ချစ်ရသူတို့အား မိသားစုဝင်အဖြစ် ဦးမင်းမြတ်ဝေ သတ်မှတ်ခဲ့သည့်ပုံပါပင်။

နှင်းဆီဖြူများနဲ့ စံကားဖြူကုံးလေးများကို ထိုအုတ်ဂူလေးများထက် သက်ဝေ တင်ပေးလိုက်သည်။

"နောက်ဘဝကျရင် ရှင်နဲ့ဦးလေးငယ်တို့ချစ်ခြင်းက ပျော်ရွှင်မှုတို့နဲ့သာ ပြည့်ပါစေ..."

မိသားစုဝင်တွေကြား သက်ဝေတင်းထားသမျှ အားအင်တို့ ပြေလျော့ကာ ချုံးပွဲချငိုမိတော့သည်။

ဘာလို့ သက်ဝေကို ဒီလောကကြီးထဲ တစ်ယောက်တည်း ထားခဲ့ကြတာလဲ...။

အဖွားကိုလွမ်းတယ်။

ဦးလေးငယ်ကို လွမ်းတယ်...။

အဖေနဲ့အမေက ဘာလို့ဒီလောက်အစောကြီး သက်ဝေဆီက ထွက်သွားတာလဲ...။

"အဖွား...အဖွားကိုလွမ်းတယ်..."

အဖွားအုတ်ဂူအား ဖက်တွယ်ကာ သက်ဝေ ကလေးတစ်ယောက်လို အော်ငိုသည်။

"သမီးက အသုံးမကျဘူး..။ အမေနဲ့ဦးလေးငယ်အတွက် လူယုတ်မာတွေကို အပြစ်မပေးနိုင်ဘူး။ အဲ့ဒီ့လူယုတ်မာတွေက သူတို့အကုသိုလ်နဲ့သူတို့ သက်ဆိုးမရှည်ကြဘူး...။ ဒါပေမယ့် သမီး ခွင့်မလွှတ်နိုင်ဘူး.။  အဖွားသာရှိရင် ဒီအမုန်းတွေ သမီးကို လွှတ်ချခိုင်းဦးမှာလား..."

"ဒါပေမယ့် အဖွား စိတ်မပူပါနဲ့။ သမီး ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်ဘူး။ သမီးမှာ မိသားစုရှိနေပြီ။ အဖွား သူ့ကိုတွေ့တယ်မလား။ သူက လူကောင်းတစ်ယောက်ပါ...."

"မိန်းကလေးတစ်ယောက်ဖြစ်နေလို့ အဖွား တစ်မျိုးမဖြစ်ပါနဲ့...။ သူ့မှာ သက်ဝေဘဝကို ကာကွယ်နိုင်စွမ်းအပြည့်ရှိပါတယ်"

မေတ္တာနုနုစေလိုသူ (Complete)Tempat cerita menjadi hidup. Temukan sekarang