၁၅

2.4K 116 6
                                        

ပျံ့လွင့်နေတဲ့ နတ်ဒိုးသံ....။

နှလုံးကြေကွဲဖွယ် ဆွဲဆွဲငင်ငင် ထွက်ပေါ်နေတဲ့ နှဲသံကြောင့် နတ်ဒိုးက ကခုန်ချင်ဖွယ်ရာ မြူးကြွမနေ....။ နားထောင်ရများအဖို့ ငိုကြွေးစေဖွယ်သာ ဖြစ်နေစေ၏။

ဘယ်မှာ နတ်ကနေတာလဲ....။

မြူတွေကြားကနေ နတ်ဒိုးသံကြားရာ တရွေ့ရွေ့ လှမ်းနေမိ၏။ ဒိုးသံကြားကနေ သီချင်းဆိုသံလိုလို ရှိုက်သံလိုလို တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်။

ဒါ ဘယ်လိုနေရာကြီးလဲ....။

ကြောက်ရွံ့မှုကြောင့် စိတ်က ရှေ့ကို ဆက်မလှမ်းချင်တော့မယ့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်....။ အလိုလို ရွေ့နေတဲ့ ခြေလှမ်းတွေအတိုင်း ရှေ့ကို စူးစိုက်ကြည့်လိုက်ပြီး ဒါ နောက်ဆုံးခြေတစ်လှမ်းဟု သိလိုက်သည်။

စည်းတစ်ခုကို နင်းမိလိုက်သလို ခံစားရ၏။ မြူတွေ ရုတ်တရတ် ကင်းရှင်းသွားကာ ရှေ့မှာ စောင့်ကြိုနေသော အရာကို တည့်တည့်ရင်ဆိုင်လိုက်ရ၏။

"အားးး...."

"ဟင်....သက်ဝေ....သက်ဝေ..."

အေးစက်နေရာမှ သက်ဝေ နွေးခနဲ ခံစားလိုက်ရသည်။

"သက်ဝေ ဘာဖြစ်တာလဲ...သတိထားအုံးလေ...."

ဟင်...။

ဝါထိန်ထိန် အလင်းရောင်ငယ်လေး ဖြာကျနေ၏။

အနားမှာ မှီတွယ်စရာရှိပြီဆိုတာနဲ့ ထိုနွေးထွေးမှုအား အသည်းအသန် ကုပ်တွယ်ထားမိသည်။

"မောင်လေ သက်ဝေရဲ့....။ သက်ဝေ အိပ်မက်ဆိုးမက်တာပါ....ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်တော့ဘူး..."

ကျောကိုဖွဖွပုတ်ပေးရင်း ဘာမှမဖြစ်ဘူး ဟု တတွတ်တွတ် နှစ်သိမ့်နေသူ ရင်ခွင်ထဲ သက်ဝေ အတင်းတိုးဝင်လိုက်သည်။

"မောင်..."

"အင်း မောင်ရှိတယ် သက်ဝေ....။ ဘာမှမဖြစ်တော့ဘူးနော်...."

ရင်ခွင်ထဲက တုန်ယင်နေတဲ့ကိုယ်လေး ငြိမ်ကျသွားမှ ဘုန်းရောင် စိတ်အေးသွားသည်။

"မောင် မီးထွန်းလိုက်မယ်နော် သက်ဝေ....။ ဘာမှမဖြစ်တော့ဘူး....သက်ဝေ အိပ်မက်မက်နေတာ..."

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now