၃၃ (Ending)

3.3K 69 12
                                        

တောင်ရိုးချောင်းရေ၏ ကြည်လင်ပြာလဲ့သော ရေအလျဉ်တို့သည် တသွင်သွင် စီးဆင်းနေဆဲ...။

ကမ်းစပ်တစ်လျှောက် အစာလာကောက်သော ငှက်ကလေးများက ရေလှိုင်းငယ်များဖြင့် ဆော့ကစားနေချေသည်။

တစ်ခါတစ်ရံ ဝါလွင်သော အသွေးအရောင်နဲ့ သပြေဘူတပန်းပွင့်ကလေးများက ချောင်းရေယဉ်ထဲ လှပစွာ စီးမျောလာသည်။

ချောင်းတစ်ဖက် ကမ်းစပ်က အဝါရောင်မုန်ညင်းခင်းများကို  လှမ်းမြင်နေရသည်။

ဘယ်တော့မှ မရိုးနိုင်အောင် လှပသော ရှုမြင်ကွင်းများကို ငေးကာ သက်ဝေ စိတ်တွေ အေးချမ်းနေလျက်။

နောက်ကျောဘက်ကနေ တည်ငြိမ်စွာ လှမ်းလာသော ခြေသံပိုင်ရှင်အား သက်ဝေ လှည့်မကြည့်လည်း သိနေသည်ပင်။

သက်ဝေထိုင်နေသော ကျောက်တုံးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာသူ၏ နူးညံ့သော အကြည့်များနဲ့ ဆုံသွားလျက်။

ဤသို့ တူညီသော အခြေအနေတစ်ခု ဖြစ်ခဲ့ဖူးဟန်။

နှစ်တွေအတော်ကြာသွားပြီလို့ ထင်ရသည်။ သို့သော် တိုက်ဆိုင်သည့် အမှတ်တရတစ်ခု ပေါ်လာသည့်အခါတွင်တော့ အချိန်သည် မနေ့တစ်နေ့ကိုသာ ကျော်ဖြတ်ရသေးသည်ဟု ခံစားလာရသည်။

"အဲ့ဒီ့နေ့က သက်ဝေရဲ့ပစ္စည်းသာ ကျန်မနေခဲ့ရင် မလေး လိုက်လာဦးမှာလား..."

အမှတ်တရဟောင်းများကို သတိရသွားသည့်ဟန် ဘုန်းရောင်နှုတ်ခမ်းများက ကြည်နူးစွာ ပြုံးလာသည်။

သက်ဝေမေးသည်အားကြားတော့ သူ မဆိုင်းမတွ ပြန်ဖြေလာ၏။

"လိုက်လာမှာ..."

"..."

သက်ဝေ ဘာမှမပြောဘဲ စိုက်ကြည့်နေတော့ ဘုန်းရောင်က သူပြောသည့်စကားကို မယုံကြည်ဘူးဟုထင်ကာ အလေးအနက် ခေါင်းညိတ်ပြကာ ထပ်ပြောလာသည်။

"အဲ့ဒီ့နေ့က ရွှေခြေကျင်းလေး ကျမနေခဲ့ရင်တောင် မင်းနဲ့အတူ နောက်ထပ် ထမင်းထပ်စားဖို့ ကိုယ်တကယ် မင်းတို့ရွာကို ထပ်လာရှာမှာ..."

အဆုံးသတ်၌ ကံကြမ္မာသည်ကား လူတို့ မှန်းဆမရအောင် ဆန်းကြယ်လှသည့် ဖြစ်တည်မှုပင်။

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now