-Unicode-
သူရှိန်နေမင်းက
အနောက်ဘက်ကိုတစ်ဖြည်းဖြည်း တိမ်ကောကာသွား၍ ဟေရိုလာကင်မ်သည် အမှောင်ထုကိုစတင်ခံစားလာရပြီး
လမင်းထိန်ထိန်နဲ့ ကြယ်ရောင်တွေအောက် မီးရောင်ဝါကျင်ကျင်တွေဖြင့် သိပ်လှနေသည်။ မြို့အလယ်အချက်အချာကျတဲ့ လမ်းတွေတလျှောက် မျက်စိပဒေသာဖြစ်စရာတွေဖြင့် စည်းကားသိုက်ဝန်းနေသည်။
လက်ကိုင်မီးပုံးရောင်းတဲ့တွန်းလှည်းတွေ
အစားအသောက်ရောင်းနေကြတဲ့ လှည်းလေးတွေ
ရွှံ့ဖြင့်လူတို့ပုံတူဖန်တီးပေးပါသော အနုပညာသည်တို့ရဲ့လှည်း
မိန်းမပျိုတို့အကြိုက် အလှအပခြယ်မှုန်းတဲ့ပစ္စ္စည်း ဆံထိုးလည်ဆွဲ စသဖြင့်တွေနဲ့ လမ်းတစ်လျှာက်လုံးသည် နေ့ခင်းနေ့လည်ကထက် ပို၍လူစည်ကားကာ ပို၍လှသည်။
မြို့လယ်က မြစ်ကြောင်းတစ်လျှောက်
ရေစီးအတိုင်းမျောပါနေကြတဲ့ မီးထွန်းထားတဲ့ပန်းစက္ကူလှေလေးတွေကလည်း သိပ်လှနေသလို မျှောလိုက်သူ မိန်းမပျိုလေးတွေသည်လည်း ရှက်ပြုံးကြည်နူးပြုံးတွေဖြင့်..။ပြည်သူအကုန်လုံးသည် အလှဆုံးတွေအသပ်ရပ်ဆုံးတွေဝတ်ဆင်ကာ ဆောင်းဦးကိုကြိုဆိုနေကြသည်။
ထူးခြားချက်သည် လမ်းပေါ်ကလူတိုင်း မျက်နှာဖုံးတွေတပ်ထားကြကာ နှာတံဖျားတွေနဲ့နှုတ်ခမ်းတွေသာ ဖုံးကွယ်မှုလွတ်ကင်းနေသည်။အရှင်ရဲ့ လက်သွယ်သွယ်တို့ဝေ့ရမ်းလိုက်ကာ နီညိုရောင်အခိုးအငွေ့တွေထွက်လာတော့ သမားတော်သည်ပြူးပြူးလေးကြည့်သည်။
ရောက်နေရာပတ်ဝန်းကျင်သည် အမှောင်ထုစိုးမိုးနေသော်ငြား ဂျွန်ဂျောင်ဂုမျက်ဝန်းတွေသည် အရောင်တလက်လက်ဖြင့် တောက်ပနေတာများကောင်းကင်က ကြယ်တွေထက်ပိုလှကြောင်း ပြိုင်ငြင်းခဲ့တဲ့ဧကရာဇ်သည်မှားခဲ့တာမဟုတ်။
ခဏအကြာ အခိုးအငွေ့တို့ကွယ်ပျောက်သွားပြီး
ငွေမှုန်ရောင်လက်လက်ထနေတဲ့ မျက်နှာဖုံးလေးနှစ်ခုသာ အရှင့်လက်ဖဝါးပြင်ပေါ်ကျန်ခဲ့သည်။ တစ်ခုသည် အဖြူရောင်ဖြစ်၍ တစ်ခုသည်အနက်ရောင်..သေသပ်လွန်းတဲ့အဖျားခတ်တွေနဲ့ ထိုမျက်နှာဖုံးနှစ်ခုသည် သာမာန်ထက်ပိုထင်ပေါ်ကာ ပိုလှသည်။အဖြူလေးကို သမားတော်လေးကိုတပ်ပေးတော့ ငြိမ်ငြိမ်ကလေးနေပေးသည်။
အလှတရားတွေကို ဖုံးကွယ်ပစ်လိုက်တာတောင် ပုန်းကွယ်မသွားဘဲ အရှင့်မျက်ဝန်းထဲ ဂျွန်ဟာသိပ်လှနေဆဲ။
တလဲ့လဲ့တောက်ပနေတဲ့မျက်ဝန်းတွေကိုဘဲ ကြည့်ပြီး ရင်ခုန်ရမလား နှုတ်ခမ်းတွေကိုဘဲငေးစိုက်ပြီး ရေဆာရမလား ဝေခွဲမရတွေပါဘဲ။
ဂျွန်က ဒီမိစ္ဆာအတွက်ဒုက္ခလှလှကလေး...။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook