Unicode
အရှေ့အရပ်မှအစချီခဲ့သော နေမင်းသည် အထက်တည့်တည့်တွင် ရှိန်ယံညီးညီး တောက်ပနေသည်။ နေမွန်းတည့်သည့်အချိန်အထိ ဦဘရှိန်တယောက် အတိလစ်မေ့မြောနေခဲ့သည်။ သူနိုးလာသည့်အခါ လက်ကောက်ဝတ်မှာ ကိုက်ခဲနာကျင်မှုနှင့်အတူ ရင်ဘက်ပေါ်မှ အလေးချိန်သေးသေးလေးကို ဦးစွာသတိပြုမိလိုက်သည်။ နာကျင်နေသည့် အရာများအား လျစ်လျှူပြုကာ ရင်ဘက်ပေါ်ရှိအသက်ရှုသံလေးအား ငုံကြည့်မိသည်။
သူ၏ ကလေးငယ်မှာ အိပ်ပျော်နေသည့်တိုင် သူ့ကော်လံအား လက်သေးသေးလေးများဖြင့် တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားသည်မှာ သူ့လက်များလွှတ်ချလိုက်သည်နှင့် သူဆုပ်ကိုင်ထားသောထိုလူကြီးမှာ မြူခိုးများသဖွယ် ပျောက်ကွယ်သွားတော့မည့်နှယ်။
ဦးဘရှိန် သူ၏ပတ်တီးဖွေးဖွေးများ စီးနှောင်ထားသောလက်အားမြောက်ကာ နီရဲက ဖောင်းနေသော မျက်ခမ်းစပ်များအား ငြင်ငြင်သာသာ ထိတွေ့လိုက်သည်။ ထိုကလေးမှာ ငိုလွန်းကာ ပင်ပန်းလွန်း၍ အိပ်ပျော်သွားပုံရသည်။
"မင်းနိုးပြီလား"
အသံကြောင့် ဟိုဟိုဒီဒီထိတွေ့နေသောလက်အားရုတ်ကာ အသံကြားရာဘက်ကို အကြည့်ပို့လိုက်တော့ အခန်းထဲတွင် မည်သည့်အချိန်ကတည်းက ရှိနေမှန်းမသိသော သူ၏သူငယ်ချင်းယောက္ခမအား တွေ့လိုက်ရသည်။
"နိုးပြီ. ဘယ်အချိန်ရှိပြီလဲ"
"မွန်းတည့်ပြီ မင်းနေ့တပိုင်းလောက်သတိမေ့သွားရုံပဲ "
ထိုသို့နှင့်သူတို့နှစ်ဦးသား အသံလျော့က တီးတိုးစကားပြောဖြစ်သွားသည်။ မနေ့ညက သူ့လက်ကောက်ဝတ်များမှာ အပြင်းအထန်ပေါက်ပြဲခဲ့ပြီး သွေးထွက်လွန်နေခဲ့သည်။ ကားတိုက်မှုကြောင့် အသေးစားဒါဏ်ရာများစွာရှိနေသောကြောင့် အခြေအနေမှာမကောင်းခဲ့ပါပေ။ အရေးပေါ်သွေးသွင်းနိုင်ခဲ့၍သာ အသက်မသေခဲ့ခြင်း။ လျှမ်းပတယောက် တညလုံး သတိလစ်မေ့မြောနေသော ဦးဘရှိန်အား ဖက်ကာ ရှိုက်ငိုနေခဲ့သည်။ ငိုရလွန်းသောကြောင့် ခြေကုန်လက်ပန်းကျကာ အိပ်ပျော်သွားသည်အထိပင်။ လျှမ်းပ၏ဖခင်ထွက်သွားပြီးနောက် ဆေးရုံခန်းလေးမှ တဖန် တိတ်ဆိတ်သွားသည်။
အိမ်စက်နေသော လျှမ်းပ၏ အသံရှုသံမှာ တိတ်ဆိတ်နေသော ပတ်ဝန်ကျင်၌ တခုတည်းသော ဆူညံသံလေးဖြစ်သည်။ ချောမွတ်ပြေပြစ်သော ကလေးငယ်၏ နဖူးပြင်အား အနမ်းတပွင့်ခြွေလိုက်သည်။

YOU ARE READING
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
Romancemale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။