အပိုင်းပို(၃)

20.7K 903 5
                                    

Unicode

"ဗျာ!"

ဦးဘရှိန်ထံမှာ တခါမှပင် မကြားရဖူးသည် ထိုသို့သော အာမေဋိတ်အသံထွက်ပေါ်လာသည်မို့ ဦးသာ သဘောတကျဖြစ်သွားသည်။

"ဘာလဲ မောင်ဘရှိန် ဝမ်းသာလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူးလားကွ"

"မ..မဟုတ် အခုဘာပြောလိုက်တာ?"

"မင်းကလေးအဖေဖြစ်ပြီလို့လေ လျှမ်းပမှာ ကိုယ်ဝန် ၃ပါတ်ရှိနေပြီ"

ဦးဘရှိန်မှာ ယခုထိ ယုံရခက်နေသေးသည်။ သူလျှမ်းပအကြောင်းသိပြီးနောက် ကလေးတယောက်ရှိလာရန် မမျှော်မှန်းထားခဲ့ပါချေ။ သူခုတင်ပေါ်က လျှမ်းပကို ကြည့်မိတော့ ထိုကလေးမှာလဲ အလွန် အံ့အား သင့်နေလွန်း၍ စကားပင်မပြောနိုင်ရှာ။ ဦးဘရှိန် သူရင်ထဲမှာ လိပ်ပြာ အကောင်‌တသောင် တဖြတ်ဖြတ်ပျံသန်းနေသည့်နှယ်ခံစားရသည်။ အိပ်ယာဘေးနား လျှမ်းပဆီ သွားကာ ထိုကလေးလက်ကို ဆုတ်ကိုင်လိုက်မှသာ သူ၏ တုန်လှုတ်မှုကို ပြန်ထိန်းလိုက်နိုင်သည်။ သို့သည့်တိုင် ဦးဘရှိန်မှာ တကမ္ဘာလုံးအား အပိုင်စားရသည့်နှယ် ရွှင်မြူးနေသည့် မျက်နှာထားမှာ မည်သို့ပင် ထိန်းစေကာမှု အရာမထင်။

"အခုသူ့အခြေအနေဘယ်လိုနေလဲဟင်?"

"အခုက ကလေးရော လူကြီးရော ကျန်းကျန်းမာမာပဲ လျှမ်းပကပိန်ပေမယ့် ကျန်းမာရေးကောင်းပြီး တခြားမိန်းကလေးတွေထက် သန်မာတော့ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲတွေက သန်မာန်ထက်ပိုနည်းတယ် မနက်ဖြန် စစ်ဆေးဖို့ငါနဲ့ဆေးရုံလိုက်ခဲ့ ဒီနေ့တော့ ငါအရင်ပြန်နှင့်မယ် မင်းတို့အချိန်ယူလိုက်ကြအုံး"

"ဟုပ် ကျေးဇူးပါ" ဦးဘရှိ နှုတ်ဆက်စကားပြောကာ မဆင့်အားခေါ်ပြီး လိုက်ပို့ခိုငိးလိုကိသည်။ အခန်းထဲတွင် သူနဲ့ လျှမ်းပနှစ်ဦးသာ ကျန်ခဲ့သည်။

ဦးဘရှိန် လျှမ်းပဘေးနားကပ်ရင်း ရင်ခွင်ထဲ ဖြေးဖြေးထည့်ကာ ခပ်ဖွဖွလေးထည့်ထားသည်။ သူကြမ်းကြမ်းတမ်းတမ်းပြုမူမိ၍ ထိုကောင်လေးနဲ့ သူတို့သွေးသားလေး ထိခိုက်သွားမှာ ဆိုးသည့်နှယ်။

"ကလေးလေး ဘယ်လိုခံစားရလဲ"

"ကျွန်.. ကျွန်တော်မသိဘူး ဒါကမြန်လွန်းတယ်"

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ