သရက်ပင်တွေအောက် သူတို့နှစ်ယောက် တမနက်လုံး အချိန်ကုန်ခဲ့ကြသည်။ ထိုတမနက်အတွင်း ရပ်ထဲရွာထဲ၌ သရက်ပင်အောက် ချိန်းတွေ့နေသည့် သတင်းမှာ ဟိုးလေးတကျော်ဖြစ်နေလေပြီ။
သက်ထင် မိုးသက်လေအကြာကြီးငိုထား၍ ပင်ပန်းနေမည်ဆိုးကာ အိမ်ပြန်နားရန်ဖြောင်းဖျခေါ်လာချိန်၌ အိမ်ဝမှ ဒေါကြီးမောကြီး စောင့်နေသော ယောက်ဖလောင်နှင့် တိုးတော့လေသည်။ နေမျိုးထင်က သူ့အား စကားပြောရန် ခေါ်သည့်အခါ သူမိုးသက်လေအား ခေါင်းလေးပုတ်ကာ စိတ်မပူရန် ချော့မော့ခဲ့သေးသည်။
"အကို့ကို စိတ်မပူနဲ့ တရေးအောက်အိပ်ပြီးနားလိုက် သရက်သီးတွေ ဆက်စားခွင့်မပြုဘူးနော် မင်းစားတာ တော်တော်များနေပြီ "
ထိုသို့ ကိုသက်ထင်ကပြောလာတော့ တခါက အဖြစ်အပျက်များကိုပင် သတိရမိသည်။ သူဘဝ၌ ကြီးကြီးမားမားဖြစ်ပျက်ခဲ့လေတိုင်း ကူကယ်ရာမဲ့စွာ တယောက်ထဲ ရုန်းကန်ရသည်။ လျှမ်းပနှင့် သူ့အား သူ့ဖခင်မှ ပြန်ပေးဆွဲခဲ့ကာ သူ့ရှေ့တွင်ပင် သူဖခင်သေဆုံးသည်အား မျက်မြင်တွေ့ခဲ့စဉ်ကအဖြစ်မှာ သူ့ဘဝ၌ အဆုံးဝါးဆုံးဖြစ်ပေသည်။ ထိုစဉ်က သူဘဝကြီးအား အမှန်ပင် လက်လျော့ချင်ခဲ့သည်။ ထိုညမှာ သူ့ဖခင်ဖြစ်သူ၏ ခေါင်းတခြားကိုယ်တခြား အလောင်းနား လဲလျောင်းရင်း သတိမရတရအချိန်၌ မြင်ခဲ့ရသည့် ကိုသက်ထင်၏ ရွံ့ရှာဖွယ်အကြည့်မှာ သူ့အားသတ်မိန့်ပေးလိုက်သည့်နှယ်။ ထိုစဉ်က သူသေသွားဖို့သာမျော်လင်ခဲ့သည်။ သို့သော် ကံမကောင်းစွာ သူ့ဆုတောင်းမပြည့်ခဲ့။ နောက်နေ့မကူးခင်မှာပင် ဆေးရုံ၌ သတိရလာခဲ့သည်။ တကိုယ်လုံး ကိုက်ခဲနာကျင်နေသည့် ကိုယ်ကိုဆွဲကာ ထလာခဲ့သည့်တိုင် မည်သည့်နေရာကို သွားရမည်မသိ။ သူ၏ တဦးတည်းသော သူငယ်ချင်းမှာ သူ့ကြောင့် ဒုက္ခရောက်ခဲ့ရာ အခြေအနေသိနိုင်ရန် မျက်နှာလေးဖြစ်ဖြစ်ကြည့်ချင်မိသည့်တိုင် သူဘယ်လိုများ သွားတွေ့ရဲပါ့မည်နည်။ ထိုအပြင် ကိုသက်ထင်သည်လည်း သူ့အား မနေ့ညက ဒေါသတကြီး ရွံရှာစွာ ဆက်ဆံခဲ့ပုံအရ သူ့ကို အတော်လေးမုန်နေခြေတော့မည်။ လူမြင်ကွယ်ရာ တောင့်တနေရာရှာကာ ထိုင်ရင်း ပျားပန်းခတ် အလုပ်များနေသည့် လူအများအား ငိုင်ငိုင်လေးသာ ထိုင်ကြည့်နေမိသည်။ ထိုစဉ်က သူ့အား စိုးရိမ် ပူပန်နေသော မျက်ဝန်းများနှင့်လာရှာကာ နှစ်သိမ့်ပေးခဲ့သော ကိုသက်ထင်၏ စကားများအား ခုထိမှတ်မိနေဆဲဖြစ်သည်။

أنت تقرأ
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
عاطفيةmale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။