အပိုင်း(၁၃)

28.1K 1.2K 22
                                    

မနက်ခင်းဈေးထဲတွင် ဈေးသည်၊ဈေးဝယ်နှင့် ကျွတ်ကျွတ်ညံလျှက်။

"မ‌မြမေ?"

ဈေးဝယ်နေသည့် လျှမ်းပမိခင်ဖြစ်သူမှာ သူမနာမည်အား ကြားသောကြောင့် လှည့်ကြည့်မိရာ ရင်းနှီးသည့်သဘောကောင်းသည့်ပုံစံရှိသော သန့်ပြန့်တည်ကြည်သည့် အဖိုးတယောက်ကိုတွေ့လိုက်ရသည်။

"ဆရာ?"

"အိုက်ယိုးး တကယ်မမြပေပါ့လား? အစစအရာရာအဆင်ပြေရဲ့လား?"

ထိုသူမှာ လျှမ်းပ မွေးဖွားစဉ်က ဆရာဝန်ကြီးဖြစ်သည်။ နယ်မြို့သေးသေးလေး၏ တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီးဖြစ်သော သူသည် လက်ယောင်္ကျားလဲမရှိ လျှမ်းပ၏ အခြေအနေနှင့် ပေါင်းကာ စိတ်ဓာတ်ကျနေသော မီးတွင်းထဲမှသူမအား နှစ်သိမ့်ကူညီခဲ့သည်။ မိန်းကလေးတယောက်အနေဖြင့် ထိုနှစ်တွေအတွင်း တယောက်ထဲ ရှုန်းကန်ခဲ့ရသည်မှာ မလွယ်ကူခဲ့ပါချေ။

နယ်မြို့ငယ်လေးအတွင်း ထူးခြားသည့် ဖြစ်တည်မှုနှင့် ကလေးတယောက်မွေးဖွားလာသောကြောင့် အသိပညာမရှိကြ အယူသီးကြသော သူများမှာ ထိုသည်အား အမျိုးမျိုးအဖုံဖုံပြောဆိုနိုပ်ကွက်ကြသည်။
ထိုဆရာဝန်ကြီးကတော့ သူမဘက်က ကူညီ‌ဖြောင်းဖျခဲ့သည်။ နောက်ပိုင်း ကလေးအတွက်တွေးကာ တနယ်ပြောင်းခဲ့ကာ ထိုသူနှင့် အဆက်အသွယ်မရှိတော့ချေ။

ထိုသူသူမအားမှတ်မိနေခြင်းမှာ လျှမ်းပ၏ ထူးခြားမှုကြောင့်ဖြစ်ပေလိမ့်မည်။ စကားလက်ဆုံကြနေ၍ မမြင့်မေဘေးမှ အိမ်ကူအ‌သစ်လေးအားမေ့မေ့လျော့လျော့ထားခဲ့၏။

တဖက် ထိုအချိန် လျှမ်းပမှာ သူ့၏လင်တော်မောင်အား ကောက်တေးနေ၏။ ဦးရှိန် ရင်ခွင်ထဲတွင် ဝင်ကာ ကျယ်ပြန့်လှသော ပုခုံးခက် ခေါင်းဝှက်ကာ မှီတွဲထားရင်း သူ၏ခါးထက်မှ လက်ကြီးကြီးများ၏ပြုစုမှုအပေါ် သာယာနေသည်။

"လူဆိုးကြီး"

"အင်း"

ဦးရှိန်၏ မနိုင်ဘူးဆိုသည့် အဓိပ္ပာယ်ပါသော ရယ်သံစွက်သည့်တုန့်ပြန်သံကြောင့် ကလေးတယောက် အမွှေးဖွားဖွားထောင်လာရသည်။

"နှာဘူးကြီး၊ တဏှာရူးကြီး !!!"

"ဟုပ်ပါပြီ ကိုယ်မကောင်းတာပါ ကလေးလေးကို တညလုံး မကောင်းတာတွေမလုပ်သင့်ဘူး"

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ