အပိုင်းပို(၁)

23.2K 860 2
                                    

Unicode

"ဦးရှိန်တကယ်ပဲ ဒီလောက်ရက်စက်တဲ့အရာကြီး ကျွန်တော်အပေါ်လုပ်ခိုင်းချင်တာဟုတ်ရဲ့လား?"

ညချမ်းအချိန်ဧည့်ခန်းအတွင်းတွင် လျှမ်းပ၏ အသံစာစာ ထွက်ပေါ်လာသည်။

လျှမ်းပတယောက် ကောဇောပေါ်ထိုင်ကာ သူရှေ့စားပွဲမှ ဦးဘရှိန်လာချပေးထားသည့် စာအုပ်အထပ်လိုက်ကိုကြည့်ကာ မယုံကြည်နိုင်စွာပြောလာသည်။

"အွန်း"

ထိုလူကြီး၏ တည်ငြိမ်သောအသံနှင့်အဖြေစကားကြောင့် လျှမ်းပတယောက် ပါးစပ်အဝိုင်းသား။အတန်ကြာမှ ငြီးညူလာသည်။

"အိုး တကယ်ပဲ ကြင်စဦးအချိန်တွေက ကုန်ဆုံးသွားတာပါ့လားနော်"

ထိုအသံကြောင့် ဦးဘရှိန် လက်ထဲမှ စာအုပ်အားချကာ လျှမ်းပခေါင်းအား ကူကယ်ရာမဲ့စွာဖွလိုက်မိသည်။

"လိမ္မာစမ်းပါ မဟုတ်ရင် မင်းလေးကျောင်းထွက်ရတော့မှာနော် ကိုယ်ကချော့ပြောနေတုန်းလုပ်တာကောင်းမယ် "

"တမှတ်မှမရတာမျိုးမှမဟုတ်တာ ဘာလို့ကျောင်းထုပ်ခံရမှာလဲ မဖြစ်နိုင်တာ ကျွန်တော်က ဘာဆိုဘာမှ မသိတာမျိုးလဲမဟုတ်ဘူးလေ"

"အို .နို့ Hsu Hsu is a pretty girl. ကဘာ proposition လဲ"

ဘဲဥမကွဲသည့်ဘာသာအားရုတ်ချည်းအမေးခံလိုက်ရသည့် လျှမ်းပ"...."

အခု လူစကားပြောနေတာလား?

အရင်ကရန်သူ‌ကြီးငါးပါးမှာ ရူပကိုထပ်ပေါင်းရမယ်ထင်တာ။အခု ရူပအပြင် philပါထပ်ပေါင်းသင့်တာပဲ။

"အဲ့..အဲ့ဒါက ကျွန်တော်သိတယ် ရုတ်တရတ်မို့မေ့နေတာ"

"Simple, Class- membership proposition တပါတ်ပဲကျောင်းတက်ရသေးတယ် ပထမနှစ်လေးတွေတောင်သိတယ်"

"...."

ဦးဘာရှိန်က'အဲ့ဒါလူစကားလား'ဆိုသည့်အမူအရာနှင့်သူကိုကြည့်ကာ သက်ပြင်းချကာဆိုသည်။

"ကိုယ်ဗီရိုထဲကကြိမ်လုံးမထုပ်ခင် လိမ္မာတာကောင်းမယ်နော်"

"အဲ့ဒါရုတ်တရပ်ကြီးမို့ပါနော်"

လျှမ်းပမှာ သူ၏အကျင့်အတိုင်း နောက်ဆုံးအချိနိထိ အတွန့်တက်ရသည်ကို ခုံမင်လျှက်ရှိပုံရသည်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Tempat cerita menjadi hidup. Temukan sekarang