ညနေခင်းမှာပင် သက်ထင် သူ့ဂျစ်ကားလေးနဲ့ မိုးသက်လေအား တနေရာအားခေါ်သွားခဲ့သည်။ ထိုနေရာမှာ ရွာအပြင်မှ ငုဝါပင်ပုလေးများရှိရာဖြစ်သည်။ သူ့ခေါင်းထက် ဖျာကျနေသော ငုဝါပန်းများကိုကြည့်ရင်း မိုးသက်လေ မျက်ဝန်းများပူလောင်လာရတော့သည်။ သူ့ရှေ့မှ ကိုသက်ထင်အား ကြည့်ရင် မိုးသက်လေ ပုဝါတခုထုပ်လာသည်။ ထိုပုဝါထုပ်လေးအား တလက်တလက်တောက်ပနေသော မျက်ဝန်းများဖြင့် ကိုသက်ထင်အား ပေးအပ်လာသည်။ သူ့ပုံစံမှာ အရမ်းစိတ်လှုတ်ရှားနေသည့် ကလေးလေးတယောက်လို့ဖြစ်သောကြောင့် သက်ထင် လှမ်းယူရင်း မပြုံးလဲမနေနိုင်တော့။ သက်ထင် ထိုပုဝါစလေးအား ဖြေကြည့်ရာ ထိုအထဲ၌ ထန်းရွက်ဖြင့်ရေးထားသည့် မွေးဇာတာလေးလေးကိုတွေ့လိုက်ရကာ အပြုံးလေးဖြင့်မေးမိသည်။
"ဘာလဲ?"
"ဇာတာ"
"ဇာတာမှန်းတော့ ကျုပ်သိတာပပေါ့ ဘာအတွက်လာပေးတာလဲမေးတာ"
သက်ထင် ကျီစားဟန်အပြုံးက ထိုအချိန်၌ ပိုမိုအသက်ဝင်နေခဲ့သည်။ ကိုသက်ထင်၏ ထိုအပြုံးအားမြင်သည့်တိုင် သူသူ့အား ထိုသို့မေးလာသည့်အခါ အရှက်ဘဲမနေနိုင်။
"ကျ...ကျနော့်အသက်ကို ခင်များကို အပ်လိုက်ပြီလို့"
"ဟင်?"
သက်ထင်မှာ တလက်မပေးလျှင်ပင် တမိုက်လောက်လိုချင်နေသော လူတယောက်ဖြစ်ရာအဆုံးထိသွားရန်ကြံထားပုံရ၏။
"လက်ထပ်ကြမယ်လို့"
"ကောင်းပါပြီကွာ မင်းလေးက ကိုယ့်ကိုကိုယ် အကိုက မင်းကို တသက်လုံး ချစ်မြတ်နိုးပေးမှာပါ"
သက်ထင် အော်ရီရင်း မိုးသက်လေးအား ဆွဲဖတ်ကာ မျက်နှာတလျှောက် တရှုံ့ရှုံ့နမ်းလိုက်မိတော့သည်။
မိုးသက်လေကြိုက်သည့် ငုဝါတွေကလည်း သက်သေရှိကာ လေထုထဲမှ နံသာဖြူ၊ ကရမက် ရောနှောသည့် သနပ်ခါးနံ့မှာ သင်ပျံ့ရင် မဂ်လာစကားသယ်ဆောင်ကာ သူ့ချစ်ရသူမှာလည်း သူ့အားယုံကြည်စွာ သူ့ဇာတာအား အပ်နှင်းခဲ့သည်။
"ထောင်သောင်းချီတဲ့အလင်းတန်းတွေကကိုယ့်ရင်ဘက်မှာ ဖြာကျနေသလိုပါပဲ မိုးရာ"

VOCÊ ESTÁ LENDO
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
Romancemale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။