အပိုင်း(၁၀)

36K 1.4K 38
                                    

"ဘာဖြစ်လို့လဲ ပပ"

မွန်းတည့်မှ ဦးဘရှိန်အတင်းနိုးထားရသော လျှမ်းပမှာ ဦးဘရှိန် အောက်ထပ်မှာ ဆန်ပြုတ်လေး သွားယူပြီး ပြန်လညသည့်တိုင် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေဆဲမို့ မနေနိုင်ပဲဆိုမိသည်။ ဦးဘရှိန်အသံကြားရာ မော့ကြည့်လာရင်း စိတ်ပူပန်စွာဆိုလာသည်။

"ဦးလေးကြီးနဲ့ ကျွန်တော်က ညကလင်မယားတွေဖြစ်သွားပြီဆိုတော့ ကျွန်တော်ဗိုက်ကြီးတော့မှာလားဟင်..!
ကျ..ကျွန်တော့ ကလေးမမွေးချင်သေးဘူး"

"ရော်..ဒီကလေးနှယ် ခက်ရချည်ရဲ့ မနက်စောစော ဘာတွေတွေးနေတာလဲ"

ဦးဘရှိန် မရီမိအောင် မျက်ခုံးနှစ်ခုကြား တချက်ပွတ်သပ်မိရင်း ခုတင်ပေါ်ထိုင်ကာ သူ့ကလေးအား အစာကျွေးဖို့ပြင်ရသည်။ ဆန်ပြုတ်ကို တဇွန်းချင်း မှုတ်ကာ ခွံ့ရင်းဆိုလာသည်။

"တညထဲနဲ့ပဲ မင်းကကလေးရသွားရောမတဲ့လား"

"အဲ့လိုမဟုတ်ဘူးလား?" လှမ်းပခေါင်းလေးစောင်းကာပြန်မေးတော့ ဦးဘရှိန် အသာပုတ်လိုက်မိသည်။

"မထိနဲ့ ကျွန်တော်တကယ်ပြောနေတာ ကျ ကျွန်တော် ကလေးမလိုချင်ဘူး"

"ဘာလို့လဲ?"

"ကျွန်တော်ကလေး ယူလိုက်ရင် လူတိုင်းသိသွားမှာပေါ"

ဦးဘရှိန်လက်တွေရပ်တန့်သွားရသည်။ ဆန်ပြုတ်ပန်းကန်လုံးကို ဘေးဘက်ချရင်း သူကလေးမျက်နှာအားအုပ်ကိုင်ကာ အကြည့်ချင်း‌ဆုံစေရင်း

"ကလေးလေး ကိုယ့်ကိုကြည့်
မင်းက ကိုယ်အကြင်ဇနီးမယား မင်းဘာပဲဖြစ်ဖြစ်တာဝန်ယူပေးရမှာက ကိုယ့်တာဝန်ပဲ မင်းကိုယ့်ကိုယုံကြည်လို့ရပါတယ် "

"အွန်း"

"လာ နဲနဲထပ်သောက် ပြီးရင် ဆေးသောက်ရအောင် အဖျားငွေ့နဲနဲရှိနေတယ်"

"အဲ့ဒါဦးရှိန်အပြစ်တွေပဲ..!"

"လင်နဲ့မယားကြား ဒါကပုံမှန်ပဲလေ ဘာလို့ကိုယ့်အပြစ်ဖြစ်ရမှာလဲ"

"တန်ဆေးလွန်ဘေးတဲ့ လူကြီးဖြစ်ပြီး ထိန်းထိန်းသိန်းသိန်းရှိရမှာပေါ့ နောက်ပြီး တမနက်လုံး လင်မယား လင်မယားနဲ့ ပါးစပ်ကကိုမချဘူး..!"

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Dove le storie prendono vita. Scoprilo ora