အတွဲ(၂)အပိုင်း(၃)

13K 538 12
                                    

Unicode

နွေလေရူးဟာ ညနက်လေလေ အေးမြမြမှုကိုဆောင်လေလေဖြစ်၏။ အခန်းအတွင်း အသက်ရှိုက်သံများမှာ ပူပြင်းလှသည့် နွေနှင့်အပြိုင်။ မိုးသက်လေထံမှာ နေစဉ်လိမ့်ခြယ်နေကျ ကရမက်ရောနှောထားသော သနပ်ခါးနံ့မှာ ယခုထိ‌တိုင် ရနံ့မပျယ်ချေသေး။ ဘိန်းထက်စွဲရပါသော ထိုသနပ်ခါးနံမှာ ရမက်မြူခိုးအလွှာထပ်အုပ်လေတော့ ကိုသက်လေ ခမျာ ရူးရပါတော့မည်။ ညချမ်းမှာ ယမကာနှင့် အလှလေး ထိတိုက်ဆုံလေတော့ ဘယ်ပုထုစဉ်လူသားက တောင့်ခံနိုင်လေမည်နည်း။ အထိအတွေ့ အာရုံငါးပါး၌ သာယာတတ်လေသော လူသားဖြစ်ရာ မိုးသက်လေနှင့်အတူ သူပါ လိုက်ပါစီးမြောနေလေမိတော့သည်။

ချယ်ရီသီးလေးများနှယ် လှပလွန်းသော ထိုနှုတ်ခမ်းလေးများမှာ ချိုချိုချဉ်ချဉ် အရသာလေးအား ပေးစွမ်းနေပြီး ခံတွင်းထဲထိတိုးဝင်ကာ ပိုမိုအရာသာခံလိုစေခဲ့သည်။ အတွေးထက် လက်တွေ့က မြန်သည်မို့ သူ့လျှာဖျားမှာ တဖက်သူခံတွင်း၌ စူးစမ်းနေမိလေပြီ။

မသိလိုက်ဘာသာပင် အနမ်းမျးထက် ရစ်မူးနေသော ကိုသက်ထင်ခမျာ အားကောင်းလှသည့် လက်တစုံမှ ဆွဲခေါ်ခြင်းခံလာရသည်မှာ နူးနူးညံ့ညံ့အိပ်ယာခင်း၌ ကျောချမိသည်ထိပင် အသိမဝင်ချေသေး။

"မိုး..."

နူးညံ့အိစက်တဲ့ နှုတ်ခမ်းပါးမှ ဝေးသည်နှင့် ပိုင်ရှင်ဖြစ်သူအား မသိလိုက်ခင်မှာပင် သူ့ရင်ထဲမှရုတ်တရက်ဖြစ်ပေါ်လာသော အမည်နာမလေး‌နှင့်အတူ အတွန့်တက်မိ၏။ ထို နာမ်စားလေး၏ စေစားမှုကြောင့်ထင်၏ မိုးသက်လေတယောက် ခနမျှတကိုယ်လုံးတောင့်တောင့် လေးဖြစ်နေခဲ့သည်။ ထိုနောက် ထိုကိုယ်သေးသေးလေးမှာ ကြက်သွေးထိုးခံလိုက်ရသည့်နှယ် အားမာန်အပြည့် ကျဉ်ဆံလေးကို ပျံသန်းကာ သူအား အားတက်သရော အနမ်းခြွေလာတော့‌သည်။

တိုက်ခန်းလေး၏ ပြတင်းအပြင်၌ နွေဦးကံ့ကောများ ဝေဆာနေလေသည်။ ကံကော်ရနံ့နှင့်အတူ  ခပ်လှမ်းလှမ်းမှ ဝါထိန်နေအောင်ဖူးပွင့်နေလေသည့် သပြေဘူတများ နွေလေရူးနှင့်အတူ ယိမ့်နွဲ့နေသည်။ ခုတင်ထက်မှ လူနှစ်သည်လည်း နွေလည်ရှိခြောက်သွေးသော ထင်ချောက်များနှယ် မီးစထိသည်နှက့် တောက်လောင်ကြတော့သည်။ နှုတ်ခမ်းချင်းခွာလိုက်သည်တိုင် လရောင်အောက်မှ ငွေမှင်ရောင် သွားရည်တန်းလေးက အမျှင်မပြတ်နိုင်။ တဦးအပေါ် တဦး အကြည့်များမှာ စူးရှလွန်းပြီး မရေမ‌ရာ အခိုးငွေ့များရောနှောလျှက်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ