အတွဲ(၂)အပိုင်း(၇)

10.9K 539 3
                                    

Unicode

အော် အီး အီး အွတ်..

ခေါင်းရင်းရှိကြက်ဖမှာ နေဖင်ထိုးသည့်တိုင် မထသူအား ဘယ်နှကြိမ်မြှောက်မှန်မသိ အော်နိုးမိရာ အနားရှိကျောက်ခဲဖြစ်ကောင်ပစ်ခံလိုက်ရသည်။

"ကျွတ် ကျွတ် ကျွတ် ဘယ်နှမပေး ကျုပ်ကိုလာရိုက်သွားတာလဲဟ!"

"ငါနှမကို မင်းကိုပေးဖို့ စိတ်ကူးမရှိဘူးနော်"

သက်ထင် နာကျင်နေသော ဂုတ်ပိုးအား ပွတ်သပ်ရင်း ညကအကြောင်းပြန်တွေးကာ ကျိန်ဆဲနေစဉ် တည်ငြိမ်အေးဆေးစွာ ပြန်ဖြေသံကြားလိုက်ရသည်။

"မင်းပဲ!"

သူ့အားပြန်ဖြေသူကို တွေ့သည်နှင့် သူလုံးဝဒေါသတကြီးဖြစ်သွားရသည်။ သူထက ရိုက်နှိက်ပစ်လိုက်ချင်သော်လည်း အသံတိုးတိုးက ကြားဖြတ်ခံလိုက်ရသည်။

"ကိုကြီး အကိုသက်ထင်နိုးပြီလား?"

ကိုကြီး? ဟွန့်!

သက်ထင် နှာခေါင်းရှုံလိုက်ကာ ရင်ထဲ၌လုံး ဗုံးကျံခံလိုက်ရသည့်နှယ် ဗလောင်ဆူနေသည်ကို ခံစားလိုက်ရသည်။ ထိုသူမှာ သူအား စိတ်ပါအောင်လုပ်ပြီး သူ သူမှမရှိရင် ရူးမတန်ပြုစားပြီးမှာ အခုတော့ တခြားတယောက်နှင့် အတူရှိနေလေပြီ။ သူသူ့ကိုယ်သူ မညာချင်တော့ သူထိုသူအား စိတ်မပါလျှင် အဘယ်ကြောင့် ထိုည၌ မှာယွင်းမိလိမ့်မည်နည်း။ သူသာ မိုးသက်လေအပေါ် စိတ်မရှိပါလျှင် ခိုကိုးရာမဲ့နေသော သူအား အိမ်အပေါ်အထိ ခေါ်တင်ကာ ‌ကာကွယ်ပေးအည်မဟုတ်။ သူ ဒီတိုင်း လက်မခံချင်ခဲ့ယုံလေးသာ။

"လာလေ သက်လေ သူနိုးနေပြီ"

မိုးသက်လေ ခေါင်းငြိမ့်ကာ သူ့ထံ တိုးလာသည်။ အိမ်လေးမှာ နှစ်ထပ်အိမ်လေးဖြစ်ကာ သူက ဝရံတာဘက်တွင် လှဲနေခြင်းဖြစ်သည်။ မိုးသက်လေက လှေကားတိုင်း တက်လာသည့်အခါ ချက်ချင်း သူဖြင့်ဆုံမိသည်။ မိုးသက်လေက နေရွေးကြမ်းနှင့်အတူ ထမင်းအား ပံပြုတ်နှင့် ဆီဆန်းထားသော ပန်းကျန်တချပ်နှင့် အမဲခြောက်ဖုတ်ဂျုတ်ကလေးပါသော ဗန်းလေးတချက်အား သူ့ဘေးချကာ သူက မျက်နှာချင်းဆိုင် ကျုံ့ကျုံလေးဝင်ထိုင်လာသည်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Donde viven las historias. Descúbrelo ahora