အပိုင်း(၂)

44.9K 1.8K 34
                                    

Unicode

"မေ့ ကလေးလေးရယ် မြို့အုပ်မင်းက ကလေးထင်သလိုမဟုတ်ရပါဘူး မေ့ကိုယုံ မြို့အုပ်မင်းက ဘာပဲဖြစ်နေနေ သားကိုကာကွယ်ပေးမှာပါ"

မနက်ခင်း နေမြင့်သည့်တိုင် ခုတင်ပေါ်မှမထပဲ ပေကပ်နေသည့် ‌လျှမ်းပနှင့် သူမိခင်ဖြစ်သူ ဒေါ်မေမြမှာ စကားလက်စုံကြနေခြင်းဖြစ်ပေသည်။ စကားလက်ဆုံကျနေခြင်းထက် လျှမ်းပ အားဒေါ်မေမြနားချနေခြင်းပေ။

ညတွင် လျှမ်းပ၏ ဖအေဖြစ်သူနှင့် ကြီးကြီးမေတို့မှာ မြို့အုပ်မင်းနှင့် ဒီဝါကျွတ်တွင် ထိမ်းမြားပေးမည့်အကြောင်းအသိပေးလာသည်။ ဟုတ်၏။ သူ့သဘောဆန္ဒအား ဂရုပင်မစိုက် အသိပေးရုံသာ။ မြို့အုပ်မင်းမှာ မုန်းချင်စရာကောင်းလှသော်လဲ ဆယ်နှစ်မက အတူတူရှိနေခဲ့ကြ၍ သူ့တွင် အမျှင်မပြတ်သည့် သံယောဇဉ်ရှိလှပါသည်။ သူ့၏ ပုံမှန်မဟုတ်သော ကိုယ်ခန္တာကြောင့်မဟုတ်ခဲ့လျှင် ထိုလူကြီးအား ခါးခါးသီးသီးငြင်းချင်မှ ငြင်းဆန်လိမ့်မည်။

သူတကယ်ကြောက်ပါသည်။ သူ့အား သူ့သားသမီးအရင်းအချာလို ဂရုစိုက်ပေးတတ်သော လူကြီးကို ယုံကြာ်သော်လဲ အပျက်သဘောဆောင်သော အတွေးများမှာ ဆိုးမိုးနေဆဲ။ သူ့အားရွံ့ရှာသွားမည်လော။ သူတကယ်ပဲ တသက်လုံးအထီးကျန်စွာဖြတ်သန်းရလဲရပေသည်။ ထိုဦးလေးကြီးနှင့် ယခုလိုမျိုးလေးလဲကောင်းပါသေးသည်။ ထို ဦးလေးကြီး တခြားမိန်းမတယောက်နှင့် အိမ်ထောင်ရက်သားကျရင်တောင် မိန်းမကောင်းလေးဖြစ်သ၍ သူသဘောတူကြည်ဖြူပေးလိုက်မည်။ အဲ့ဦးလေးကြီးဆီကနေ လူထူးလူဆန်းအဖြစ်အမြင်ခံရပြီး တဘဝလုံး မဖြတ်သန်းချင်ဘူးလေ။

"အဟင့် ကျွန်တော့် ဒီတိုင်းနေလို့မရဘူးလားလို့ မေ့ ကလဲ ကျွန်တော့်ကြောက်တယ် ဟင်"

"မေ့ကလေးလေးရယ် ကလေးဖေဖေက ကောင်းမယ်ထင်လို့ စီစဉ်တာလေကွယ်"

"မသိဘူး အဲ့လူကြီးက နဲနဲမှ အကျင့်မကောင်းတဲ့သူကြီးပါဆို"

"မဟုတ်တာ မောင်ဘရှိန်က လူကောင်းလေးပါ"

"ဘာကိုလူကောင်းလဲ သားကို အမြဲ အနိုင်ကျင့်ပြီး လိုက်ချုပ်ချယ်နေတာ မိန်ကလေးဖြစ်ပြီး မိန်းကလေးလိုမနေဘူးဘာညာနဲ့ ကျွန်တော့က မိန်းကလေးလား ယောင်္ကျားလေးလားတောင်မသိဘဲနဲ့ အဲ့ဒါမေ့အပြစ် ကျွန်တော်ကို ယောင်္ကျားလေးလိုပြုစုပျိုးထောင်ခဲ့လဲရရဲ့သားနဲ့ကို"

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ