အပိုင်း(၁၂)

34K 1.4K 52
                                    

Unicode

"သက်သာလာပြီလား?"

"ဟုပ်ဖေ့ စိတ်မပူပါနဲ့"

"မင်းကြီးမေက ကိုယ်တိုင်စွပ်ပြုတ်လုပ်ပြီးပေးလိုက်တယ် ခနနေရင် သောက်လိုက်အုံး"

"ဟုပ်ဖေ့"

"အမြဲတယောက်ယောက်က မျက်စိဒေါက်ထောက်ကြည့်မနေတာနဲ့ ဖြစ်တော့တာပဲ"

"မျက်စိဒေါက်ထောက်ကြည့်နေရအောင် ကျွန်တော်က ကလေးလား"

"အဖေ့အမြင်မှာတော့ ၃နှစ်တောင်မပြည့်သေးတဲ့ကလေးပါဟေ့"

"ဟွန့်"

"လိမ်လိမ်မာမာနေရမယ်နော် မင်းဦးရှိန်ကို ဒုက္ခမပေးနဲ့ ရိုရိုသေသေဆက်ဆံ သူကဆို ဖေ့ထက် နှစ်နည်းနည်းပဲငယ်တာ"

"ကျွန်တော်သိပါတယ်"

"ဖေ့က ကိုယ့်ကလေးအကြောင်း ကိုသိတာပေါ့ ဦးရှိန်နဲ့ အိမ်ထောင်တခုထူထောင်ဖို့မလိုလားမှန်း...ဟင်း အစကဖေ့လဲ တော်တော်မလိုလားခဲ့ပါဘူး... ရုတ်တရတ် ကိုယ့်သူငယ်ချင်းက ကိုယ့်ရင်သွေးကို လက်ထပ်ဖို့လာပြောတော့ အတော်ဒေါသထွက်ခဲ့တာ"

"ကျွန်တော်က ဖေ့ကလဲအစကတည်းက သူနဲ့အလိုတူအလိုပါတွေမှတ်နေတာကို"

"မဟုတ်ရပါဘူးဗျာ ဖေ့မယ် ကိုယ်သားသမီးနုနုထွဋ်ထွဋ်လေးကို ကိုယ့်သူငယ်ချင်းဖြစ်သူက တော်ကောက်ယူမယ်လို့ ခြိမ်ခြောက်လာတော့ အရမ်းဒေါသထွက်ခဲ့တာ အဲ့ကောင်ဘရှိန်ကို ၂ရက်လောက်မထနိုင်အောင်ထိ ရိုက်နှက်ခဲ့သေးတာမှတ်မိသေးတယ်"

"ဖေ့ ဦးရှိန်ကို ရိုက်‌တယ်?..!"

"လက်ထပ်ပြီးတာနဲ့ ကိုယ့်အိမ်သားမဟုတ်တော့ဘူးဆိုတဲ့စကားက တယ် မှန်သကိုး"

"ဟွန်...ဖေ့ကလဲ"

"နောက်သေချာစဉ်းစားကြည့်တော့လဲ ဖေ့ရဲ့ကလေးလေးကို သူကလွဲ ယုံကြည်စိတ်ချရတဲ့သူ နောက်တယောက်မရှိဘူး"

"ဖေ့"

"အွန်း "

"ကျွန်တော်ဖေ့ကိုမေးချင်တာရှိတယ်"

"အွင်း..မေးလေ"

"ကျွန်..ကျွန်တော့ ခန္တာကိုယ်အကြောင်း သိထားလား?"

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Donde viven las historias. Descúbrelo ahora