အတွဲ(၂)အပိုင်း(၈)

11.6K 561 7
                                    

"ကျွန်တော်က ခင်များအတွက် အစစအရာရာဂရုစိုက်ပေးနေတာ အဲ့ဒါတွေနဲ့ အသားကျနေပြီး ရုတ်တရက် ကျွန်တော်မရှိတော့ ကိုကိုက လက်မခံနိုင်ယုံပါ ကျွန်တော် ကံမစမ်းရဲဘူး"

"မိုးရယ် အတိတ်ကိုသာ ပြန်ပြင်လို့ရရင် အကို မင်းကိုတွေ့ကတည်းက ခိုးပြေးခဲ့ပါတယ်ကွာ"

ကိုသက်ထင် အသဲယားစွာ မိုးသက်လေအား ရင်ခွင်ထဲထည့်ကာ ဖြစ်ညစ်တော့ မိုးသက်လေ တွန့်တွန့်ဆုတ်ဆုတ်ဖြင့်ပြန်တွန်းဖယ်လာသည်။

"မိုး မင်းကိုယ့်ကို အပြစ်မတင်တာက စိတ်ထားနုညံ့တဲ့ မင်းလေးအပြစ်မဟုတ်ဘူး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အကို့ကိုမယုံကြည်ရဲတဲ့အတွက်လည်း အကိုက မင်းလေးကို အပြစ်မမြင်ဘူး ဒါပေမယ့် မိုးလေး ကိုယ်ကတော့ မင်းကို နာကျင်စေခဲ့မိလို့ ကိုယ်‌ေနာင်တရပြီး ကိုယ့်အချစ်ကို သံသယဝင်လို့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်တယ်
ဒါပေမယ့် မင်းလေးကိုတော့ သိမ်ငယ်စိတ်မဝင်စေချင်ဘူး မင်းကအရာအားလုံးနဲ့ ထိုက်တန်တဲ့ကလေးလေးပါကွာ
မိုးအကို့ကို သုံးနှစ်သုံးမိုး စောင့်ကြည့်ချင်ကြည့်ပါ ကိုကို စိတ်မပြောင်းဖူးဆိုတာ မိုးသိသည်ထိ ကိုကိုကြိုးစားမယ်လေ"

ကျွန်တော်က ဘယ်လိုလုပ် ကို့ကို့ကို သုံးနှစ်သုံးမိုး စောင့်ခိုင်းရက်မှာလဲ

မိုးသက်လေ ကိုသက်ထင်၏ စကားများအား နားထောင်ရင်း ထိုအတွေးသာရှိသည်။ အကို သက်ထင်သာ သူ့အပေါ် အမှန်မေတ္တာရှိလျှင် သူသက်ဆုံးတိုင် ထိုသူအား 'ကိုကို' ဟုခေါ်ရင်း အရိုးကျချင်ပါ၏။ ထိုသူက သူ့အား သိပ်ငယ်စိတ်မဝင်ရန် အရာအုံးလုံး သူနှင့် ထိုက်တန်ကြောင်းပြောလာသည့်တိုင် သူမည်သို့ လက်ခံနိုင်မည်နည်း။

သူ့မိဘများက လူဖြစ်လာရန်ပင် မထိုက်တန်ကြောင်း ဆိုခဲ့သည်။ သူ့အဘိုးအဘွားများက သူ့အားရွံ့ရှာကာ စေ့စေ့ကြည့်ရန်ပင် ဆန္တမရှိ။ မိန်းမလျှာ ဖြစ်နေသည့်သူက အဘယ်သို့ ကိုသက်ထင်နှင့် ထိုက်တန်မည်နည်း။

ထိုသူဟာ သူ့ငယ်သူငယ်ချင်းဖြစ်သူအား ပိုးပန်းခဲ့ဖူးသည်။ ထိုအချိန်က သူကိုစက်ထင်အား မြင်မြင်ခြင်း မေတ္တာ သက်ဝင်ခဲ့သည့်တိုင် စေ့စေ့ပင်မကြည့်ရဲခဲ့။ သူတွေးခဲ့ဖူးသည်။ ကိုသက်ထင်လိုသူမှာ ဥစ္စာပေါရုပ်ချော လျှမ်းပလို မိန်းမကောင်းလေးနှင့်သာ လိုက်ဖက်ပေသည်ဟု။ ရှေးရေစက် မပါလေတော့ ကိုသက်ထင်မှာ လျှမ်းပနှင့် ဝေးရပြီး အသဲကွဲခဲ့ဖူး၏။ ထိုသူခမျာ နေ့နေ့ညည သူထံ ညည်းတွားခဲ့သည်ကို သူမှတ်မိနေဆဲ။ သို့သော် ရက်၊လ ကြာရှည်ခဲ့လေရာ ကိုသက်ထင်မှာ လျှမ်းပအပေါ် ဘာမေတ္တာမှ မကျန်တော့သည်မှာ သူကောင်းကောင်းသိ၏။ ကိုသက်ထင် သူ့အပေါ် ချစ်သည်ကြိုက်သည် ဆိုလာလျှင် ကိုသက်ထင် တကယ် ချစ်၍ ကြိုက်၍ပင်။ သို့သော် ဖြစ်နိုင်ခြေ သေးသေးလေးပင် ရှိစေကာမှု သူမမေ့ပြစ်နိုင်။ ထိုသူအပေါ် သံယယဖြစ်ရမြဲ။ သူထိုသူ့အကြောင်း ကောင်းကောင်းသိသည့်တိုင် သံသယဖြစ်ရသည့်အပေါ် ကိုယ့်ကိုကိုယ်လည်း အပြစ်ရှိသလိုခံစားရ၏။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin