Unicode
"ဝါးးးး"
သူအိမ်အတွင်းမရောက်မှီပင် ကျယ်လောင်လှသည့် အသံကြောင့်ကားပေါ်မှာ အလျှင်စလိုဆင်းကာ ခြေသုတ်တင်လာခဲ့ရသည်။ ဧည့်ခန်းအတွင်းရှိ မဆင့်မှာ ကျုပ်တို့၏ အဆိုးလေးကို ချီကာ ချော့နေရသည်။
ထိုသည်ကိုမြင်လေတော့ သူအပြေးသွားကာ ကလေးကိုပွေ့ရင်း မဆင့်ကိုမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ မဆင့်"
"နို့ဆာလို့နေမယ် ကျွန်မနို့ဖျော်လိုက်ပါအုံးမယ်"
ပြာပြာယာယာဖြေကာ ပြာပြာယာယာ မီးဖိုးထဲဝင်သွားပြီး ပြာပြာယာယာထွက်လာသည်။ ရေကျက်အေးနှင့် ဖျော်ထားသည့် ခပ်နွေးနွေး နို့ရည်များ ဝမ်းအတွင်းဝင်မှသာ ထိုကောင်ငယ်လေးမှာ အငိုတိတ်တော့သည်။ ထိုအဆိုးလေးငြိမ်သွားမှာ သက်ပျင်းချကာ ချစ်ဇနီးလေးအား ရှာရတော့သည်။
"လျှမ်းပ .."
သူ့အသံမှာ ထိုကလေးမပုံရိပ်ကြောင့် နင်သွားရသည်။ ကြီးမားသည့် မျက်ဝန်းထက်တွင် မျက်ရည်ဥများ တွဲခိုနေကာ ထိခိုက်ဒါဏ်ရာရထားသည့် သမင်လေးတကောင်နှယ်။ ဝမ်းနည်းပက် လက်ငိုရှိုက်နေသူကြောင့် သူ့လက်ထဲမှ သားဖြစ်သူအား မဆင့်လက်ထဲထည့်ကာ ဇနီးလေးထံ အမြန်လာရတော့သည်။ ထိုကလေးကြီးအားရင်ခွင်ထဲ ထည့်ရင်း ပါးဖောင်းဖောင်းလေးထက် ခပ်ဖွဖွ အနမ်းပေးကာ မေးရတေည့သည်။
"ကိုယ့်ကလေးလေး ဘာဖြစ်လို့လဲ"
နဂိုက သည်းခံနိုင်သေးသည့်တိုင် ထိုသို့အချော့ခံရသည့်အခါမူ လျှမ်းပတယောက် ပိုမိုတုန်ရီကာ ငိုလာတော့လေသည်။
"ခင်များရောက်လာကတည်းက ကျွန်တော့်ကိုလှည့်တောင်မကြည်ဘူး သူ့ကိုပဲဂရုစိုက်နေတယ် ကျွန်တော်လဲ ဝမ်းနည်းနေတာပဲကို ဝူးဝူး"
ဦးဘရှိန် အတန်ငယ် ရပ်တန့်သွားသည်။ ထို့နောက်မှ သက်ပြင်းချကာ ရင်ခွင်ထဲနစ်ဝင်နေသူအား ခပ်ဖွဖွနမ်းကာချော့ရတော့သည်။
"မဟုတ်ပါဘူး ကိုယ့်အတွက် ဒီကလေးလေးက အချစ်ရဆုံးလေကွာ"
"သားကကျွန်တော်ကို မချစ်ဘူး"

CZYTASZ
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
Romansmale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။