Unicode
"မင်းဘာလုပ်နေတာလဲ..!"
သက်ထင် မိုးသက်လေနှင့်အတူနေသည်မှာ ယခုဆိုလျှင်တနှစ်ပင်ရှိချေတော့မည်။ မိုးသက်လေက အတော်လေးအားကိုးရ၏။ သူ့လို ဇီဇာကြောင်သည့်သူကိုပင် အလိုကျအောင်လုပ်နိုင်သည်။ သို့သည့်တိုင် ထိုသူမှာ သူ့အား အလွန်မြူဆွယ်လွန်းသည်။ ဒီနှစ်တွေအတွင်း သူသည် တရားရေးဝန်ထောက်ဖြစ်လာခဲ့သည်။ သူလိုငယ်ကငယ် ချောကချော ရာထူးရာခံနှင့် သူတယောက်အား နှစ်သက်သဘောကျသည်မှ မဆန်းလှ။ သို့သော် မိုးသက်လေသည် သူစိတ်အတွင်း၌ လူတယောက်ရှိမှန်း သိသူအနက်မှ တယောက်ဖြစ်ကာ ထိုသို့ ကလူဤသို့မြူဤသို့ပြုမှုနေသည်မှာ မသင့်တော့ပါချေ။ သို့သော် သံယောဇဉ်ထောက်နေလေပြီမို့ သူ့အားမပစ်ပယ်ရက်။ ယခုတွင်လည်း သူအားသွေးဆောင်နေ၍ ဒေါသတကြီး အော်မိတော့သည်။
"ဘာဖြစ်လို့လဲ အကိုသက်ထင်?"
ဘာမှမသိနားမလည်ဟန် မျက်နှာပေးနှင့် ဆိုလာသည်ကို ကြည့်ရင်း ဘယ်သူ့ကိုပင် ဒေါသထွက်ရမလည်းပင် မသိတော့ချေ။ သိသိသာသာပင် သူသွားရာ လမ်းမှာ ပိတ်ပြီး သူ့ရဲ့ လက်ကိုမြှောက်ကာ လှပလှသော အရိုးအဆစ်များနှင့် ပုံဖော်ထားသော ကိုယ်လုံးကိုယ်ပေါက်ကို မြင်သာအောင်လုပ်နေသည်မဟုတ်ပေလား။ ခါးတိုရင်ဖုံးမှာ မြှောက်တက်ပြီး ဗိုက်သားနုနုပင် တစွန်းတစမြင်ရကာ လာရောက်ဆုပ်ကိုင်ပေးပါရန် ဖတ်ခေါ်နေသယောင်။ သူပင်မထိန်းနိုင်လုပင်။ သူ့ဖွားတော်ဘက်ပါ ခေါင်းထောင်လုလု။ သူအား ထိုသို့ဖြစ်စေရန် ဖျားယောင်ပြီးကာမှ ယုခု၌ သူမဟုတ်သလိုကြည်လင်သောမျက်နှာနှင့် ရိုးသားဟန် မေးနေလေပြီ။
တယ်..! မိန်းမတွေများ မူယာမာယာများလွန်းလှတယ်
ဒုန်း
နောက်ပြန်လှည့်ကာ အခန်းဆီသွားရင်း တံခါးအား တယောက်ယောက်ကြောင့်ထွက်နေသော ဒေါသများအား ပုံချသည့်နှယ် အားနှင့် စောင့်ပိတ်သွားသည်။
မိုးသက်လေ တယောက် ဓာတ်ပုံကားချပ်အားမြှောက်လျှက်အနေအထားနှင့်ပင် ကြက်သေသေလျှက်ကျန်ခဲ့ တော့သည်။ ထွက်သွားသူကတော့ လက်ထဲမှမှန်ဘောင်အား လျှစ်လျှူရှုလိုက်ပုံပေါ်၏။

ВЫ ЧИТАЕТЕ
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
Любовные романыmale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။