"ဟက် သူတောင်းစား ထလို့ ၆နာရီခွဲနေပြီ... Breakfast သွားပို့ပေးကြမယ်လေ"
“ဘယ်သူတောင်းစားက မနက်၆ နာရီခွဲ ထတာ မြင်ဖူးလဲ ဟမ်!”
မနက် ၆နာရီထိုးကြီးအိမ်ရောက်ချလာပြီး Breakfast သွားပို့မယ်တကဲကဲလုပ်နေတဲ့ မိတေးကို သတ်ချင်လာသည်။
5 Stars Hotel ကြီးမှာနေတဲ့ သူတွေကို စည်းချက်တို့က ဘာများသွားပို့ပေးရဦးမှာလဲ ။
ဒေသအစားအစာလဲသိပ်မကွာခြားတာကို မုန့်တီသုပ် ဝယ်ပို့ပေးရအောင်လဲ ဟိုကစားချင်ရဲ့လားမသိ မုန့်တီသုပ် ဆိုရင် စည်းချက်က ဖေကြီးရဲ့ လက်ရာလောက်ဘယ်ဆိုင်မှကောင်းတယ် ထင်တာမဟုတ်ဘူး ။
ဖေကြီးလက်ရာနီးနီးကောင်းတဲ့ဆိုင်ကလဲ ခိုတောင်ရွာကဆိုင်တွေပဲရှိတာ တကူးတကဟိုထိသွားဝယ်ပြီး ပို့ပေးရအောင်ထိတော့စည်းချက် စိတ်မရှည်ပါ ကိုယ့်ရည်းစားလဲမဟုတ်ဘာလဲမဟုတ်နဲ့
(K/N:ဟုန် ဒီနားကိုသေချာမှတ်ထားကြပါခ)
"နင်ပို့ချင် နင့်ဘာသာ သွားဟာ ငါအိပ်ဦးမယ်"
အိပ်ရာထဲကအတင်းဆွဲထုတ်လာတာမို့ ဝရန်တာမှာသာပြန်အိပ်ဖို့ကြိုးစားလိုက်သည်။ နေရာဒေသကအရေးမကြီးဘူး အဓိကက အိပ်ရဖို့ပဲ...
"တေးတေး မနက်စာမစားရသေးရင် ဝင်စားသွားလေ "
"စားမှာ မေကြီးရေ လာပြီ"
ဟမ့်! အဲ့တာပဲကြည့်တော့ အမြင်ကတ်စရာ
မိုးလင်းတည်းက သူများအိမ်မှာ လာစားသောက်နေတာ ဖေကြီးနဲ့မေကြီး ကလည်း ဖြစ်နိုင်ရင် တရပ်ကွက်လုံး က ကလေးတွေကိုတင်ကျွေးထားချင်သေးတာမန်ကျည်းပင် ကြီးကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးအေးလေးတွေနဲ့ တစ်ခါတစ်ခါ ရေကန်နားရှိ စံပယ်ချုံမှ ပန်းအနံ့ တို့က ပါလာတက်သေးသည်။မှေးကနဲ့ ပြန်အိပ်ပျော်ခါစကို နောက်ထပ် အဖျက်ဝင်လာသည်။
"ကိုကြီးရေ! ကိုကြီးဗုံဘုံ"
“ငါ့ အဒေါ်ပေးလေးတွေကတော့ အိမ်း ဘာလဲဟေ့ ဘာလဲဟ "
ဆက်ဆဲချင်တဲ့စကားလုံးတွေကို ဦးလေးတွေအဒေါ်တွေ မျက်နှာကို ထောက်ထားပြီး အတင်း ပြန်မြိုချလိုက်ရသည်။
YOU ARE READING
// Sinn in Rhythm //
Fantasyအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove