ဒုတိယအတွဲ - Park Hyun Byeol & Takahashi Suika
ချင်းပြည်နယ် 🎬
ချင်းပြည်နယ်ဆိုတာက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဆုံးတွင်ရှိသည်။ သဘာဝ အလှတရားတွေ အများကြီးနဲ့ နှစ်သက်ဖွယ် နေရာလေး တစ်ခုပင်။
ရာသီဥတုက မန္တလေးနဲ့ (လုံးဝ)ကို တခြားစီ။
အေးစိမ့်စိမ့်နဲ့ မနက်အစောပိုင်း၊ ညပိုင်းတို့တွင် မြူများလည်း ဖုံးလွှမ်းနေသေးသည်။ဗြောလ်တို့ မန္တလေးကနေ ကလေးမြို့ကို တိုက်ရိုက် လေယာဉ် စီးသွားလိုက်သည်။
“ချမ်းနေပြီလား”
“အွန်း”
နားရွက်ဖျားလေးတွေ ရဲနေတဲ့ ဆူအိခကို ဗြောလ် အိတ်ထဲရှိ အနွေးဦးထုပ် ဆောင်းပေးလိုက်သည်။
“အခုရော”
“နဲနဲ နွေးသွားပြီ”
ချင်းပြည်နယ်ကို မလာခင် အနွေးထည်နဲ့ ဦးထုပ်တို့ကို ထည့်ယူလာခဲ့မိလို့သာ တော်သေးသည်။ ရုတ်တရက် ရာသီဥတု အပူချိန်ကွာခြားမှုက ဗြောလ်တို့အတွက် အသားမကျနိုင်ဖြစ်နေ၏။
“ကိုယ် ရှာကြည့်ထားသလောက် ဒီမှာ အထင်ကရနေရာ ၄,၅ ခုလောက် ရှိတယ်
အဲ့ထဲကမှ (၃) ခု သွားမယ်လို့ တွေးထားတယ်”
“အင်း မင်း သဘောလေ ငါက ဘာဖြစ်ဖြစ်ရတယ်”
ဗြောလ်တို့ကို ကင်မရာတွေသာ ရိုက်ကူးရေး လုပ်မနေဘူးဆိုရင် ဆူအိခကို ဆွဲနမ်းမိလောက်သည်။
ဗြောလ်ရဲ့ ဦးထုပ်အမဲလေးကို ဆောင်းထားပြီး ဟူဒီကြီးကြားထဲ မြှုပ်နေတဲ့ ဒီအပြာလုံးလေး ကို ဘယ်လောက်တောင် နမ်းချင်နေလဲ ဆိုတာ ဘုရားသာ သိမည်။
“အင်း ဒါဆို မနက်ဖန် သွားကြတာပေါ့
လမ်းပြ တစ်ယောက်ငှားပေးဖို့ ဟိုတယ်ကို သွားပြောလိုက်ဦးမယ်”
“Okay”
အောက်ထပ် Reception မှာ သွားချင်တဲ့ နေရာတွေ ပြောပြီး လမ်းပြတစ်ယောက် ငှားခိုင်းလိုက်သည်။
“ငါတို့ ရိဒ်ရေကန် ၊ ကနေဒီတောင်၊ ဝိတိုရိယတောင် တို့ကို သွားချင်တယ်
YOU ARE READING
// Sinn in Rhythm //
Fantasíaအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove