ကရင်ပြည်နယ် ရဲ့ အသက်သွေးကြောက သံလွင်မြစ် ဆိုရင် နှလုံးသားဟာ ဇွဲကပင်တောင် ဖြစ်လိမ့်မည်။ ကရင်လူမျိုးတွေက ဇွဲကပင်တောင်ကို ဘယ်လောက်တောင် တန်ဖိုးထား မြတ်နိုးကြသလဲဆိုရင် ကရင်လူမျိုး အချင်းချင်း တွေ့ကြတဲ့အခါ ဇွဲကပင်တောင်ကို တက်ဖူးသလား ၊ ဘယ်နှစ်ကြိမ်တက်ဖူးသလဲ ဆိုပြီး အပြန်အလှန် မေးတတ်လေ့ရှိ၏။
ဇွဲကပင်တောင်ကို မတက်ဖူးရင် ကရင်လူမျိုးဖြစ်ဖို့ အမှတ်တစ်မှတ်လျော့သည် ဟုတောင် ပြောကြလေ့ရှိသည်တဲ့။
ထိုင်း-မြန်မာ ကပြားလေး ဖြစ်သော ချည်ကြိုးရခန်ဟာ သူ့အသက်ဓာတ်တည်ရာ မန္တလေးသား ကိုကို့လက်ကိုတွဲလို့ ဇွဲကပင်တောင်ကို မမောမပန်းတက်ခဲ့သေး၏။
ပူပြင်းလှတဲ့နွေရာသီဖြစ်သည်မို့ တောင်တက်ရင်း နဖူးတွင်ချွေးစို့လာတိုင်း အပေါ်ဝတ်အင်္ကျီလက်ဖျားနဲ့ တို့ထိရင်း သုတ်ပေးရသည်မှာလည်း ချစ်ခြင်း၏အရသာတစ်ခုပင်။
ဇွဲကပင်တောင်၏အလှကို ခံစားလိုပါက မိုးရာသီတွင် သွားသင့်သည်ဟု လူအတော်များများက Recommend ပေးလေ့ရှိပေမယ့် မိုးရာသီဆိုတာ ဇွဲကပင်၏ မာယာအများဆုံး ရာသီတစ်ခုလည်းဖြစ်သည်။
တိမ်စိုင်တွေက ဇွဲကပင်တောင်ပေါ်တွင် အုပ်မိုးထားသော မြင်ကွင်း၊ ဇွဲကပင်တောင်၏ ပတ်ပတ်လည်ကို တိမ်စိုင်တိမ်လိပ်တွေ ဝန်းရံထားသော မြင်ကွင်း၊ ထုထည်တိုင်းဆမရသော မြူများ၏ မျက်လှည့်ပြမှုကြောင့် ရုတ်ချည်းမြင်ကွင်းမှ ပုန်းကွယ်သွားသော ဇွဲကပင်တောင်… စတဲ့ မှတ်ချက်တွေနဲ့ မိုးရာသီ၏ဇွဲကပင်တောင်က ကျော်ကြားသည်။
တောင်ပေါ်ကပြန်ဆင်းလာပြီးတော့ လုံမဏ္ဏီဥယျာဉ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကိုလည်း ဖူးမြင်နိုင်သည်။
ထို့နောက် ကော့ကသောင်ဂူ၊ ကျောက်ကလပ်ဘုရား တို့ကိုပါ သွားရောက်လည်ပတ်ဖူးမျှော်ခဲ့ကြသည်။
စည်းချက်နဲ့ရခန်တို့ ကရင်ပြည်နယ်ခရီးရဲ့ အစ၊အလယ်၊အဆုံး ကုန်ကျစရိတ်မှာ သိပ်ပင်မရှိပေ။ ကားခနဲ့ ဆီဖိုးရယ် မုန့်စားတာတွေနဲ့ အမှတ်တရပစ္စည်းဝယ်တာ သာကုန်သည်။ စည်းချက်တို့နဲ့ မတူစွာ ရိုက်ကူးရေးအဖွဲ့ကတော့ ပိုက်ဆံ အတော်ကုန်သွားသည်။ အကြောင်းမှာ နေ့စဉ် စည်းချက်တို့နောက် လိုက်ရန် သုံးဘီးငှားရခြင်းကြောင့်ဖြစ်သည်။
YOU ARE READING
// Sinn in Rhythm //
Fantasyအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove