“ဒါဆို Official Poster တွေထုတ်ဖို့ Photo Shooting လုပ်ရမယ်”
CEO နဲ့ Online Meeting ထိုင်ပြီးတော့ ‘Sinn In Rhythm Project’ ကို တစ်ပတ်နေရင် ချပြဖို့ ဆုံးဖြတ်လိုက်ကြသည်။
မြန်မာဘက်က စည်းချက်ဗဟိုရ်တို့က မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ ဝတ်စားဆင်ယင်ပြီး ရိုက်ကြမည်။
Eighppy အဖွဲ့ကတော့ သူတို့အတွက် သီးသန့်ဒီဇိုင်းနာက ပြင်ဆင်ပေးတဲ့ ဝတ်စုံနဲ့ ရိုက်ကြလိမ့်မည်။
“ကိုကို တို့အတွက် ဝတ်စုံကိုလည်း ဒီက နာမည်ကြီး ဒီဇိုင်နာကို စီစဉ်ခိုင်းလိုက်မယ်”
“အင်း အဲ့လိုပဲ လုပ်ကြတာပေါ့”
“ပြီးတော့ ဒါက Program သဘောမျိုး ရိုက်ပြီး အိမ်နီးချင်းနိုင်ငံတစ်ချို့ရဲ့ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသ သွားမှာ”
ပီဖစ်က ပြောနေရင်း ခဏရပ်လိုက်ပြီး
“အဲ့အတွက် ငါတို့တွေ အတူစုနေဖို့
အိမ်ကြီး တစ်အိမ်လိုတယ်ပြီးတော့ ခရီးတွေလဲ ထွက်ကြရလိမ့်မယ်”
“အိမ်အတွက်ကတော့ စိတ်မပူပါနဲ့
ဒီအိမ်ကြီးကိုပဲ သုံးကြပေါ့ရိုက်ကူးရေးထဲ မပါတဲ့သူတွေက တခြားအိမ်မှာ ပြောင်းနေပေးမယ်”
ဖေကြီးက အိမ်ကို အသုံးပြုခွင့်ပြုသည်မို့ ကိစ္စတစ်ခုက အဆင်ပြေသွားသည်။
“ကျေးဇူးပါ ဖေဂျီး”
ရာမာန် ကပြောတော့ ဖေကြီးက လက်ကာပြသည်။
“ငါ့သားတွေ သုံးတာပဲကွာ
ဖေကြီးက ဘာလို့ ခွင့်မပြုပေးနိုင်ရမှာလဲဟုတ်တယ်မလား အတူး”
“ဟုတ်ပါ့ရှင့်”
“ဒါဆို ရိုက်ကူးရေးအဖွဲ့က
ဒီတစ်ပတ်အတွင်း ရောက်လာလိမ့်မယ်ကလေးတွေက ဒီရက်ပိုင်း အစားအသောက် ဆင်ခြင်မယ် လေ့ကျင့်ခန်းလဲ ပြန်လုပ်ရမယ်
ပြီးတော့ လိုအပ်တဲ့ Skin care တာတွေလဲ လုပ်ရမယ်နော်”
ပီဖစ်က အခုမှ သူ့မူရင်း ပုံစံဖြစ်တဲ့ မန်နေဂျာပုံစံပြန်ရလာသည်။
YOU ARE READING
// Sinn in Rhythm //
Fantasyအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove