အပိုင်း (၂၂) Unicode

932 56 18
                                    

Sinn In Rhythm Project ကို Official officially Announcement လုပ်ဖို့ ၃ရက်အလို

ရခန်နဲ့ ကိုကို့ပုံတွေ ရရချင်း ဖော့ဆီပို့ပေးလိုက်ပြီး လှမ်းကြွားလိုက်သည်။

ရခန့်ရတနာလေးက ဘယ်လောက်ချောကြောင်း

"Ringing"

ဖော့ဆီက ဖုန်းဝင်လာသည်မို့ ကိုင်လိုက်ပြီး နောက်လိုက်သည်။

"Hello Kub သခင်ကြီး"

"Kub သခင်လေးနဲ့ ပြောချင်လို့ပါ
သခင်လေး အားရဲ့လားခ"

တစ်လေသံထဲ ပြန်ပြောတဲ့ ဖော့က တကယ့်လူနောက်ကြီးလိုပင်။

အပြင် လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်မှာ သွေးအေးရက်စက်တယ်လို့ နာမည်ကြီးတဲ့ Phichai Thinnakorn Ritthirong ဆိုသူမှာ

ချည်ကြိုးရခန့်အတွက်တော့ အကောင်းဆုံး ဖခင်တစ်ဦးဖြစ်သည်။

ဖေဖေ့ထက် ရခန့်ကို ပိုအလိုလိုက်ပေးပြီး
ရခန် ပူဆာသမျှ ချက်ချင်း ရအောင် လုပ်ပေးတက်တာကြောင့်

ကလေးဘဝတည်းက တခုခုလိုချင်ရင် ဖော့ကိုသာ ကပ်ပူဆာတက်ခဲ့သည်။

ဖေဖေက အရာရာကို စည်းကမ်းနဲ့ နေမှကြိုက်သည်မို့ ရခန်အရမ်းမဆိုးရဲပါ။

ဆိုးတဲ့အခါတိုင်းလည်း နံရံဘက် မျက်နှာမူရပ်ကာ ကိုယ့်အပြစ်ကို ပြန်သုံးသပ်ဆိုပြီး အပြစ်ပေးတက်သေးသည်။

ထိုအချိန်များဆို ဖော့က ဝင်တားတိုင်း

"ခင်ဗျားကြီးပါ ဟိုဘက်လှည့်ပြီး ရပ်လိုက်!!"

ဆိုပြီး အပြောခံရကာ သားအဖနှစ်ယောက်လုံး အတူတူ အပြစ်ကို ဆင်ခြင် သုံးသပ်ရတော့သည်။

"သား မှားတာက ဟုတ်ပေမယ့်
ဖော့က ဘယ်အမှားကို သုံးသပ်ရမှာတုန်း!"

စီးပွားရေးတွင်အကွက်မြင်တက်လွန်းလို့ အာရှတခွင်ကို အုပ်စိုးထားသူကြီးက ဒီနေရာတွင်တော့ နဲနဲတုံးပါသည်။

"ခွန်ဖော့က ဝင်တားမိတဲ့ အပြစ်လေ"

ရခန်က ထောက်ပြတော့မှ

"ဪ~~" ဟုဆိုကာ

ငြိမ်သက်သွားတက်သည်။

ဒါပေမယ့် ၅ခါမှာ ၃ခါကတော့ ဝင်တားပေးရင်း ရခန်နဲ့အတူတူ အပြစ်ခံပေးတက်ပါသည်။

// Sinn in Rhythm //Where stories live. Discover now