ဘုရားကြီးဝန်းထဲ ရောက်တာနဲ့ ဖုန်းဆက်ကြည့်တော့ ကျန်တဲ့လူတွေက နာရီစင်ကြီးအောက်မှာ စောင့်နေကြသည်။
ဖိနပ်တွေကို ဆိုင်ကယ်နဲ့ အတူ ချွတ်ထားခဲ့တာမို့ ခြေဗလာနဲ့ပဲ ဆက်လျှောက်လာခဲ့ကြတယ်။
နေပူလို့ မိန်းကလေးနှစ်ယောက်နဲ့ မျောက်သုံးကောင်ကတော့ အမြန် ပြေးသွားကြသည်။
ရွှေမင်းသားတို့လည်း အစက ပဲလေးနဲ့ ဖြေးဖြေးချင်းလျှောက်ပေမဲ့ နောက်ပိုင်း မခံနိုင်တော့လို့ ပြေးကြရတာပါပဲ။
အုပ်စုလိုက်ကြီး တအုန်းအုန်းနဲ့ပြေးနေကြရတာ နဲနဲတော့ ပျော်ဖို့ကောင်းသားပဲ။
ဘုရားပေါက်က ပန်းသည်အန်တီကြီးတွေဆီက ပန်း ၅ စည်းဝယ်ပြီး ဧည့်သည်တွေကို ပေးလိုက်သည်။
စည်းချက်တို့က ခဏတိုင်း ရောက်နေတော့ မကပ်တော့ပါဘူးလေ ။
ထို့နောက် ရွှေဆိုင်းတွေပါ ဝယ်လိုက်သည်။P’Fit ဆိုသူနဲ့ မိတေး ရယ် မောင်းမောင်းရယ်ကတော့ သူတို့မင်းသားတွေကို ဘုရားက ဓာတ်ပုံဆရာတွေ အရှုံးပေးရလောက်အောင် ရှယ် ရိုက်ပေးတော့သည်။
ဘုရားကန်တော့ တော့ ရခန် နဲ့ စည်းချက်က ဘေးချင်းကပ်ရပ် ထိုင်ဖြစ်သည်။
အသံဝဲဝဲလေးနဲ့ မြန်မာလို “ဩကာသ” ဆိုနေတာလေးက နားဝင်ပီယံရှိသလို ချစ်စရာလည်း ကောင်းနေသည်။
၇ရက် သားသမီးတွေကို အမျှဝေနေတာ နားထောင်ပြီး စည်းချက်ပါ အလိုလို အေးချမ်းသွားရသည်။
ဆုတောင်းတွေမရှိတဲ့ အမျိုးသားလေးက သူ့ဖော့ နဲ့ ဖေဖေ နေကောင်းကျန်းမာဖို့ကိုတော့ သေချာလေး ဆုတောင်းနေရှာသည်။
ဘုရားကန်တော့နေသူကို ဘေးကနေ တမေ့တမော ငေးနေမိတာ ဦးသုံးကြိမ် ချပြီး စည်းချက်ကို လှည့်ကြည့်လာမှ အသိဝင်လာမိသည် အထိ ။
‘အဟမ်းး စိတ်ထဲရိုးရိုးသားသားလေးပါ’
မင်းသားတွေများ ဘုရားကန်တော့တာတောင် ချောမောနေမှုကြီးက လက်ဖျားခါသည်။
သူတို့နှစ်ယောက်လုံးမသိတာက သူတို့ပုံတွေကို တောက်လျှောက် ရိုက်နေသူရှိနေတယ်ဆိုတာပဲ
YOU ARE READING
// Sinn in Rhythm //
Fantasíaအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove