အပိုင်း (၁၈) Unicode

930 61 55
                                    

ရွာကို ရောက်ကတည်းက ဆော့လိုက် စားလိုက်နဲ့ တစ်ဖွဲ့လုံး အနားယူနေကြတာ ပီဖစ်ဆိုရင် မျက်နှာကြီးတောင် ဖောင်းလာပြီ။

ရခန်တို့ကို ထိန်းစရာမလိုသလို စားချိန်တန်စား အိပ်ချိန်တန်အိပ်နဲ့ အေးဆေးနားနေရသည်။

ဖေကြီးတို့ကတော့ ရွာကို ရောက်ပါပြီဆိုတည်းက အိမ်မကပ်တော့ပေ။

ခမောက်တစ်လုံးဆောင်းကာ သူ့မိန်းမ လက်ဆွဲပြီး ရွာရိုးကိုးပေါက် လည်ပတ်နေသည်။

သူတို့ကိုယ်သူတို့ အပျိုလူပျိုဘဝ အလည်လာတယ် ထင်နေလားမသိဘူး။

စည်းချက်ကပဲ ဒီကောင်တွေအားလုံးကို ထိန်းနေရသည်။

အိမ်သာ ခဏသွားတက်ပြီး ပြန်လာချိန် အိမ်ပေါ်ထပ်တွင် ကလေး ၃ယောက် ပျောက်နေသည်။

နီရာမ်၊ဆူအိခ နဲ့ ရခန်တို့ကို မတွေ့တော့ပေ။

“ရာမာန်… ဟိုကလေး ၃ ယောက်ရော”

“ဘာမှတော့ ပြောမသွားဘူး အောက်ဆင်းသွားတယ်ထင်တာပဲ”

“အင်း သွားရှာလိုက်အုန်းမယ်”

စည်းချက် ခုနက တက်လာတုန်းကတော့ အောက်ထပ်မှာ မတွေ့ခဲ့ဘူး။

ဟိုဘက်က မုန့်ဆိုင်ကိုများ သွားသလား။

မေကြည် အိမ်နဲ့ နှစ်ခြံကျော်မှာ အကြော်စုံနဲ့ မုန့်ပျစ်သလက် ရောင်းတဲ့ဆိုင်ရှိသည်။

ညနေကျ လိုက်ဝယ်ကျွေးမယ်ပြောထားတာကို မစောင့်နိုင်ဘဲ သွားကြသလား။

ခြံပြင်ထွက်ကြည့်တော့လည်းမရှိပေ။

သေချာအောင် ဆိုင်ထိသွားကြည့်လိုက်သည်။

“ကြီးတော် … သားတို့ အိမ်က ကလေးတွေ လာသေးလားဗျ”

“မလာပါဘူးတော်”

အကြော်ကြော်ရင်း ကြီး‌တော်က ပြန်ဖြေသည်။

“ရှေ့က ဖြတ်သွားတာရော ‌တွေ့လိုက်မိသေးလားဗျ ကလေးတွေ ပျောက်နေလို့”

“အယ် အဲ့တာတော့ သတိမထားမိဘူး”

မေးမရတာနဲ့ တပ်ကြောင်းပြန်ခေါက်ကာ အနီးအနားက ခြံ‌တွေဆီ ပတ်မေးကြည့်ရမည်။

// Sinn in Rhythm //Where stories live. Discover now