အပိုင်း (၃၇) Unicode

549 56 25
                                    

မိဘစကားကို မြေဝယ်မကျ နားထောင်သော သား‌ကောင်းရတနာများမှာ ရောက်တာနဲ့ ဘားကို တန်းသွားကြလေ၏။

ခေါင်းဆောင်ကတော့ Niran Ratana Santichai သာဖြစ်၏။ သူ့ပိုင်နက်ထဲလည်း ရောက်ရော အစွမ်းကုန် ပညာတွေ ထုတ်ပြတော့သည်။

“အေ့ ငါပါ Santichai သခင်လေး”

“....”

“အင်း… ဒီနေ့ တရက်ပိတ်လိုက်!”

“....”

“ဟုတ်ပြီ Okay”

ဘားသွားမယ် ဆိုပြီး ဖုန်းနံပါတ်တစ်ခုကို ဆက်ရင်း အလုပ်ရှုပ်နေသူကို ကလေးတွေ အားလုံးက ဝိုင်းထိုင်ကြည့်နေကြသည်။

နီရာမ် နောက်လှည့်လိုက်ချိန် ကလေးတွေရဲ့ လေးစားအားကျမှုတွေပါတဲ့ အကြည့်ကြောင့် ပိုဘဝင်မြင့်သွားပြီး ဟန်ပါပါနဲ့ လေးထောင့်ရွှေကိုင်းမျက်မှန်ကို ပင့်တင့်ရင်း အနားပြန်သွားလိုက်သည်။

“ဘားကို VIP Booking လှမ်းတင်တာ
ညနေကျ သွားကဲကြမယ်”

“woww ပီနီရာမ်က မိုက်လိုက်တာ”

“ဝိုးး မောရှီးစော နမ်ဂျား!”

“အဟင်း နီရာမ်ပါကွ!”

‘အမြှောက်ကြိုက်သူကို ဝိုင်းမြှောက်ပေးတော့ ဂွေးတက်အောင် ကတယ်’ ဆိုတဲ့ စကားအတိုင်းပင်။

စည်းချက်တို့ အခုရောက်နေတဲ့နေရာက ပီရာမာန်ရဲ့ ကိုယ်ပိုင်စံအိမ်ဖြစ်သည်။ အရင်ကတည်းက အိမ်ခွဲနေတဲ့ ရာမာန်တွင်သာ ကိုယ်ပိုင်စံအိမ်ရှိပြီး ပါးပါးဘွိုင်းလေး ရခန့်တွင် ကားများသာ ရှိပြီး အိမ်မရှိပါ။ နီရာမ်ကလည်း မျက်စိရှေ့က အပျောက်ခံလို့ မရတဲ့ လူစားမျိုးမို့ မိဘများက ပိုက်ဆံကို ကြိုက်သလိုသုံးခိုင်းပေမယ့် အိမ်ခွဲနေခွင့် မပေးသောကြောင့် ကိုယ်ပိုင်စံအိမ်မရှိချေ။

“အခန်းက အပေါ်ထပ်မှာ ကြိုက်တဲ့ အခန်းခွဲနေကြနော် Single Room လဲ ရှိတယ် Family Room ပုံစံလဲရှိတယ်”

“Kha ပီရာမာန်”

ရာမာန်ရဲ့ စံအိမ်ကြီးတွင် အဖြူရောင် လုံးဝ မရှိချေ။ Puyaibahn သခင်ကြီးရဲ့ အဖြူရောင်စံအိမ်ကို မုန်းတီးသူဖြစ်တာမို့ သူ့ကိုယ်ပိုင် စံအိမ်တွင် အဖြူရောင်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတစ်ခုတစ်လေတောင် မရှိချေ။ အဖြူရောင် မရှိဆိုသောကြောင့် စံအိမ်က အနက်ရောင်ချည်းဟု ထင်လိုက်လျှင် မှားသွားမည်။

// Sinn in Rhythm //Where stories live. Discover now