“အခြေအနေ ဘာထူးလဲ ဖော့”
“ Fa Ying အိမ်ပေါ်က ဆင်းသွားတယ်ကြားတယ်”
“အန်တီ Fa Ying ကလေ”
“ဟုတ်တယ် သား
သူ သည်းမခံနိုင်တော့ပုံပါပဲ
ပြီးတော့ သူ့မိသားစု ရှေ့နေတွေက
ကွာရှင်းဖို့ တရားရုံးကို စာတင်ထားတယ်”ရခန် သိရသလောက် ပီရာမာန်ရဲ့ မဲ့ဟာ သူ့ယောကျာ်းအပေါ် အတော်သည်းခံကာ ချစ်ပေးတက်သူတစ်ယောက်
ကွာရှင်းဖို့ထိ လုပ်တယ်ဆိုတော့ သူ့သား ပြဿနာရဲ့ နောက်ကွယ်က တရားခံက သခင်ကြီးဆိုတာ သိသွားပုံရသည်။
“ပြီးတော့ Santichai အိမ်တော်ဘက်ကလဲ ရှေ့ထွက်လာပြီ
Puyaibahn သခင်ကြီးကို ထောက်ပံ့ထားတာတွေ အကုန်ရုတ်သိမ်းလိုက်ပြီ”
“ဖော့ တို့လဲ လက်တွဲထားတာတွေ ရုတ်သိမ်းလိုက်ပါတော့
သား အဲ့လူကြီးကို မကြိုက်ဘူး”
ပီနီရာမ် အိမ်တော်နဲ့ ပီရာမာန်ရဲ့ အမေတို့အိမ်တော်က ထောက်ပံ့ပေးထားလို့ တောက်ပြောင်နေတဲ့လူကများ
အကုန်လုံးက ပီရာမာန်ရဲ့ မျက်နှာကြောင့် သူ့ကို ထောက်ပံ့ပြီး လက်တွဲလုပ်နေကြတာချည်းပဲ
အန်တီ Fa Ying ကိုယ်တိုင်က စစ်ကြေညာလိုက်ပြီဆိုတော့
ရှေ့ဆက် ဘယ်သူ့မျက်နှာမှထောက်စရာ မရှိတော့ဘူး။“အင်း ဖော့ သိပါတယ်
အခု အဆင်ရောပြေရဲ့လား”
“ဟီး ပြေတယ် ဖော့
ကိုကိုကလဲ ဂရုစိုက်တယ်
လေးမောင် တို့ကလဲ ချစ်ပေးကြတယ်”အသံလေးက ပျော်မြူးစွာ ထွက်လာတာမို့ Phichai စိတ်ချသွားသည်။
အချစ်နဲ့ အနီးတစ်ဝိုက်တွင် ရာသီဥတု သာယာတက်တာတော့ အမှန်တရားပင်။
“ဖေဖေ့ကိုလဲ လွမ်းတယ်လို့ ပြောပေးပါအုန်းနော်”
ရခန်လည်း ဖော့တို့ကို ခဏချွဲပြီးတော့ ဖုန်းချလိုက်သည်။
ထိုချိန်
“ချပ်!”
“ဟင်! ကိုကို”
YOU ARE READING
// Sinn in Rhythm //
Fantasyအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove