အပိုင်း (၂၇) Unicode

752 52 34
                                    


“ရခန်ရေ… ငယ်လေး”

“Kub”

ပီနီရာမ်ရဲ့ ခေါ်သံကြားတာမို့ ဖေကြီးဘေးထိုင်ရင်းနဲ့ ပြန်ထူးလိုက်သည်။

“နောက်တစ်ပိုင်းအတွက် တိုင်ပင်ရအောင် လာခဲ့ဦး”

“လာပြီခ”

ရခန်လည်း ထိုင်ရာမှ ထလိုက်ပြီး

“အာ့ဆို ရခန် အပေါ်သွားလိုက်ဦးမယ်နော် ဖေကြီး”

“အေးအေး”

ရခန်အပေါ်ရောက်တော့ လူစုံနေပြီ။

“ငါတို့ တစ်ခြားမြို့တွေလဲ ခရီးသွားရင်း ရိုက်ချင်သေးတယ် ဒါပေမယ့် ဘယ်မြို့ကို သွားရမလဲ တွေးမရဘူး

ပြောရရင် သွားချင်တဲ့နေရာက များနေပြီး အချိန်မလောက်ဘူး ဖြစ်နေတာ”

ရာမာန်လည်း သေချာစဉ်းစားပြီးမှ

“ဒါဆို ကျွန်တော်တို့ အဖွဲ့ခွဲပြီး သွားကြရင်ရော”

“ဟုတ်တယ် တစ်နေရာကို တစ်ဖွဲ့ဆိုပြီး လွှတ်လိုက်ရင် အချိန်ကုန်သက်သာပြီး နေရာစုံသွားမယ်”

“အေး မဆိုးဘူး အဲ့အကြံကောင်းတာပဲ”

“ဟုတ်တယ် အဲ့အကြံအမိုက်ဆုံးပဲ”

အကုန်လုံးသဘောတူတာနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရလည်ပတ်စရာနေရာ ၅ခုကို ရွေးထုတ်လိုက်သည်။

S.I.R Team က စုစုပေါင်း လူ ၁၁ ဦး ရှိသည်မို့ ၂ယောက် အဖွဲ့ (၄)ဖွဲ့ နဲ့ ၃ယောက် အဖွဲ့ (၁) ဖွဲ့ ခွဲလိုက်၏။

အဖွဲ့ (၁) ရာမာန် ၊ နီရာမ်
အဖွဲ့ (၂) ဗြောလ် ၊ ဆူအိခ
အဖွဲ့ (၃) စည်းချက် ၊ ရခန်
အဖွဲ့ (၄) တေးတေး၊ မောင်းမောင်း
အဖွဲ့ (၅) ညီထိုက်၊လပြည့်၊သန့်ဒေါင်း

ဆိုပြီး အဖွဲ့ခွဲလိုက်သည်။

ကိုယ်သွားရမယ့် နေရာနဲ့ Script ကို သွားခါနီးမှ ပြောမည် ဆိုသောကြောင့် အကုန်လုံး ဘာမှကြိုတင်ပြင်ဆင်ထားစရာမရှိပေ။

“နားချိန် ၂ ရက်ရှိတယ်
မင်းတို့ ဆော့ချင်သလို ဆော့ကြ‌
ထိခိုက်ဒဏ်ရာတော့ မရစေနဲ့နော်”

“Kub”

“ဟုတ်”

ထိုတည်ငြိမ်နေတဲ့အချိန်လေးမှာ ဗုံးထကျဲလိုက်တာကတော့ ချည်ကြိုးရခန် ။
သူ့ကိုယ်ပိုင် IG တွင် မန္တလေးတောင် တက်ကြတုန်းက စည်းချက်ရိုက်ပေးထားသော ပုံများကို တင်လိုက်သည်။

// Sinn in Rhythm //Where stories live. Discover now