အပိုင်း (၁၁) Unicode

922 63 33
                                    

(အောက်ပါစကားပြောများကို ထိုင်း လိုပြောနေသည်ဟု သတ်မှတ်ပေးပါရန်)

တစ်လမ်းလုံး ကိုကို့ကို ကိုက်စားချင်စိတ် ထိန်းနေရတာနဲ့ အသားတောင်မယူရဲပေ။

ဂုတ်သား ဝင်းမွတ်မွတ်လေးကို နှာတံလေးနဲ့ ပွတ်ဆွဲလိုက်ရရင် ဆိုတဲ့ အတွေးတွေက ရခန့်ခေါင်းထဲ အပြည့်။

Hotel အခန်းထဲရောက်ကတည်းက
ကုတင်ပေါ်တက်လှဲရင်း ခေါင်းအုံးကြီးကို ခွကာ တဟိဟိနဲ့ ဖြစ်နေတဲ့ ငယ်လေးကို ကြည့်ပြီး အကုန်စိတ်ညစ်နေရသည်။

“ဆေးမမှီတော့ဘူး ကျွတ်စ် ကျွတ်စ်”

“ဟမ်! လေးကြိုးရှင်မှီ ဟုတ်လား”

သူ့အဖေနာမည် ခေါ်တယ်ထင်ပြီး ပြူးတူးပြဲတဲ ထအော်တဲ့ ငယ်လေး

“မင်းအဖေ ကို ဘာလို့ခေါ်ရမှာတုန်း

ဆေး မ မှီတော့ဘူး ပြောတာကွ!”

“ဪ”

ခေါင်းလေး ပြန်ချပြီး ပြုံးပြုံးကြီး လုပ်နေပြန်သည်။

ရေပြောင်း မြေပြောင်းမို့ ရူးသွားတာနဲ့တောင် ပိုတူနေသေးသည်။

ဗိုက်လည်း မဆာသေးတာမို့ အားလုံး အိပ်ကြဖို့သာ လုပ်လိုက်သည်။

ညစာကတော့ နိုးမှ ဖြစ်သလိုစားကြမည်။

အားလုံးက အေးချမ်းစွာ အိပ်စက်သွားချိန်
သတင်းတစ်ခုက မီးတောက်သဖွယ် တောက်လောင်လာခဲ့သည်။

—----------

*သတင်းခေါင်းစဉ်

ထိုင်း Idols Group ဖြစ်တဲ့ Eighppy အဖွဲ့၏ Leader ဖြစ်သူ ထိုင်းလူမျိုး Rama Decha Puyaibahn မှာ မူးယစ်ဆေးသုံးစွဲပြီး ကားမောင်းနှင်ကာ လူခြေပြတ်သော တစ်နေရာတွင် လူတစ်ဦးကို ကားနဲ့တိုက်မိသည်ကို တာဝန်မယူဘဲ ထွက်ပြေးသွားသည် ဟု နစ်နာသူဘက်မှ အမှုဖွင့်တိုင်ကြား

မျက်မြင်သက်သေ တစ်ဦးမှလည်း Rama Decha Puyaibahn ၏ ကားဖြစ်ကြောင်း ပြောကြား *

~~ သူ့ကို ကြည့်ရတာ အရက်မူးတာ
မဟုတ်ရင် မူးယစ်ဆေး သုံးထားပုံပေါ်တယ်

ပုံမှန်အသိစိတ်နဲ့ဆို
ဒဏ်ရာရထားတဲ့သူကို ပစ်ထားခဲ့နိုင်မှာ မဟုတ်ဘူးလေ

// Sinn in Rhythm //Where stories live. Discover now