အပိုင်း - (၂၉) Unicode

737 53 20
                                    

တတိယအတွဲ - Rama Decha Puyaibahn & Niran Ratana Santichai

မီးတောင်သေ ခေါ် ပုပ္ပါးတောင်

ရာမာန် နဲ့ နီရာမ်တို့က ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေရှိတဲ့ ပုဂံဒေသကို သွားရမှာ မဟုတ်ဘဲ ပါးစပ်ရာဇဝင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ပုပ္ပါးဒေသကို သွားရမှာဖြစ်သည်။

ပုပ္ပါးကို မန္တလေး ကျောက်ပန်းတောင်းထိ တဖြတ်ကားစီးပြီး ကျောက်ပန်းတောင်းကနေ ပုပ္ပါး View Point Resort သို့ သွားလိုက်သည်။

"မာန် ... ငါ ဇိမ်ခံအခန်းမှာပဲ နေချင်တာနော်"

"ဟင်းး!! ကိုယ်တို့ မစ်ရှင်မလုပ်တော့ဘူးလား"

ရာမာန် စိတ်မောစွာနဲ့ သက်ပြင်းချမိသည်။

"ဘာလို့လုပ်မှာတုန်း! အဓိကက ပျော်ရဖို့ပဲလေ အလည်လာတုန်းတော့ ကောင်းကောင်းနေပြီး ကောင်းကောင်းစားသွားချင်တယ်

သူတို့ပေးတဲ့ Budget နဲ့ ဟန်းနီးမွန်းထွက်တယ် သဘောထားလိုက်လေကွာ"

နီရာမ်ကတော့ တကယ်ကို မစ်ရှင်မလုပ်ချင်ပုံနဲ့ ပျော်ပါးဖို့ပဲတွေးနေသည်။

"Okay Kub... သခင်လေး သဘောအတိုင်းပါပဲဗျ့"

"ဒီလိုမှပေါ့"

ကျေနပ်ပြုံးနဲ့ဆိုရင်း View ကောင်းတဲ့ အခန်းကို Booking ယူလေသည်။ Popa View Point Resort က ပုပ္ပါးတောင်မကြီး ရဲ့ ရှုခင်းကို တဝကြီး ခံစားနိုင်ပြီး တောင်တက်ရန် အတွက်လည်း သူတို့ဆီမှာ Packageတွေရှိ၏။

"‌တောင်မကြီးကို တက်ဖို့က နက်ဖန်မှ မနက်စောစော နေမပူခင် တက်ကြမယ်

အခုတော့ ပုပ္ပါးတောင်ကလပ်ဘက် အလည်သွားကြမယ်"

"Oki ပါ"

လက်ညိုးနဲ့ လက်မကို ဝိုင်းပြပြီး ရေချိုးခန်းထဲ ဝင်သွားသူကို ကြည့်ပြီး ရာမာန် ခေါင်းသာ ယမ်းမိသည်။ Album ရဲ့ Cover Photo နေရာလည်း သူမမက်မောဘူး။ တကယ့်ကလေးအတွေးနဲ့ ကလေးဆိုးပင်။

ရေချိုးအဝတ်အစားလဲ ပြီးတော့ ဟိုတယ်က ကားနဲ့ပဲ တောင်ကလပ် သို့သွားလိုက်သည်။ တောင်ခြေ ကားအပ်ပြီးတာနဲ့ မျောက်စာ ရောင်းသည့် ဈေးသည်တွေနဲ့ ဘုရားပန်း ရောင်းသည့် ဈေးသည်တွေက အနားမှာ ဝိုင်းလာ၏။ ကင်မရာမန်းနဲ့ ဝန်ထမ်း ၂ယောက်သာ ပါသည်မို့ ဝိုင်းတိုးလာတဲ့ ဈေးသည်တွေကို သူတို့လည်း မတားနိုင် ဖြစ်နေသည်။

// Sinn in Rhythm //Where stories live. Discover now