အပိုင်း (၉) Unicode

959 69 11
                                    

* Main Couple *
Rakhan Phassakorn Ritthirong နှင့် စည်းချက်ဗဟိုရ်

ရခန်တို့ ရပ်ကွက်လမ်း ထဲဝင်လာတည်းက အပင်ကြီးတွေ အုံ့ဆိုင်းပြီး အတော်သာယာတာကို တွေ့ရသည်။

ခြံတွေလည်း ကျယ်ပြီး တသီးတသန့်လေးနဲ့ လမ်းပေါ်မှာတော့ ဖြတ်သွားဖြတ်လာ ဈေးသည်တွေနဲ့ လူတွေကို တွေ့ရသည်။

အရှေ့မှ ဆိုင်ကယ်မောင်းနေသူရဲ့ ခါးနားက အင်္ကျီစကို ပေါ်တင်ကိုင်ထားပြီး ပခုံးစွန်းကိုတော့ မသိမသာ ခိုးနမ်းပြီးလိုက်လာတာ တလမ်းလုံးပဲ။

မြင်သမျှကို လက်ညှိုးထိုးရင်း

“ကိုကို အဲ့တာ ဘာကြီးလဲဟင်” လို့

ခပ်ချွဲချွဲလေး မေးရတာ အမော

“အဲ့တာ ဆိုက်ကားလို့ ခေါ်တယ် ရခန်ရဲ့”

စိတ်ရှည်လက်ရှည် ဖြေပေးနေတဲ့ ကိုကိုက အရမ်းချစ်ဖို့ကောင်းလွန်းလို့ အသားမယူဘဲ မနေနိုင်သည်အထိ။

Click ဆိုင်ကယ်က ဖင်ရှည်တာမို့ လူ ၃ ယောက်လောက် အေးဆေး စီးလို့ရတာကို နောက်က ကိုယ်တော်ချောနဲ့ စီးမှပဲ တစ်ချိန်လုံး စည်းချက် နောက်ကျောမှာ လာကပ်နေသည်။

ဘရိတ်က မအုပ်ရသေးဘူး
သူက ကိုယ့်ကို ဖက်ထားပြီးပြီ။

ပြီးရင်ပြောသေး

“ကိုကိုကလည်း နာသွားပြီ” တဲ့

မှန်ထဲကနေ မျက်နှာကိုလှမ်းကြည့်တာတော့ ဘယ်နားမှ ခိုက်မိပုံမပေါ်ပါဘူး။

“ဘယ်နားနာသွားတာလဲ ရခန်”

“ဒီနား နှုန်းသားလေး ရှိတဲ့နေရာ”

“ဟမ်!!”

လန့်ပြီး ဆိုင်ကယ်ဘရိတ် ထပ်ဖမ်းမိမလိုတောင် ဖြစ်သွားသည်။

'နုလုံးသားရှိတဲ့နေရာဆိုတော့ ဘယ်ဖက်ရင်ဘက်ကို ပြောတာနေမှာပါ’

စိတ်ကိုဖြေတွေးရင်းသာ ဘရိတ်မအုပ်မိအောင် ထိန်းမောင်းလာရသည်။

ဒီကြားထဲ ခါးက အင်္ကျီစကို အသားယူကာ ဆွဲထားတာကို မသိကျိုးကျွံ ပြုပေးရသေးသည်။

ဒီလိုပုံစံဆိုတာ သမီးရည်းစားတွေ လုပ်ရတာလို့ လှည့်အော်ပစ်ချင်ပေမယ့်

// Sinn in Rhythm //Where stories live. Discover now