အပိုင်း (၃၁) Unicode

816 61 18
                                    

Hotel ရောက်တော့ Check in ဝင်ဖို့လုပ်ပြီး ပိုက်ဆံရှင်းမယ်လုပ်ချိန် စဝ်အိုက်မှ

“ပိုက်ဆံမရှင်းပါနဲ့ ကျွန်တော်တို့ Sponsor ပေးပါရစေ ရိုက်ကူးရေးထဲ နဲနဲပါးပါး ထည့်ကြော်ညာပေးပေါ့ဗျာ

မဟုတ်ဘူးလား”

“အဟင်းး ဟုတ်ကဲ့ ကျေး..”

“အာ့”

‌ကျေးဇူးတင်စကားဆိုမယ် လုပ်နေတဲ့ မမတေးရဲ့ လက်ကို အမြန်ဆွဲဆိတ်လိုက်မှ ရပ်သွားပြီး တဟီးဟီး နဲ့ ရီပြရသည်။

“ဟီးဟီး ဒါဆို ကျေးဇူးတင်ပေမယ့် ကျေးဇူးမတင်တော့ဘူးနော် ကောင်းကောင်းနေပါ့မယ်ရှင့်”

‘ဂကျိုးဂကြောင်တွေ ထပြောနေတဲ့ မမတေးနဲ့လည်း စိတ်ညစ်ပါတယ်’ မောင်းမောင်း စိတ်ညစ်စွာနဲ့ ကိုယ့်ပါးကိုသာ ကုတ်မိသည်။

“ဟေး အကြမ်းကြီး ကုတ်နေတာ ပါးလေး နာကုန်မယ်လေ ကလေးမ”

“အာ..မနာပါဘူး”

ဒီလိုနဲ့ နောက်ကျနေပြီမို့ အကုန်လုံး အသီးသီး လမ်းခွဲလိုက်ပြီး တေးတို့လည်း ကိုယ်နေရမယ့် အခန်းဆီသို့ သွားလိုက်သည်။

'ရွှေအင်းသား’ ဟိုတယ် ဆိုတဲ့ ကျွန်းသစ် ဆိုင်းဘုတ်ကြီးက ထည်ဝါစွာတည်ရှိနေပြီး အတွင်းအပြင်အဆင် အကုန်လုံးကို ကျွန်းသစ်များနဲ့သာ ပြင်ထားသည်။

မသိရင် ရှေးခေတ်က ‘ဟော်နန်း’ ထဲကို အလည်ရောက်သွားသလို Feeling မျိုးရ‌သည်။ ညစာစားရင်း ဝန်ထမ်းတွေကို တီးခေါက်ကြည့်တော့ ပိုင်ရှင်များက ဟော်နန်း အနွယ်ဖွားများ ဖြစ်ပြီး အမွှာညီအစ်ကို ၂ယောက်တွင် အငယ်က ဟော်နန်းဆက်ခံသူ ဖြစ်သည်ဟု ဆို၏။

“အင်းထဲက ဈေးဆိုင်နဲ့ ဒီဟိုတယ် ပြီးတော့ အခင်းတွေလည်း အများကြီး ရှိတယ်
ဒါကတော့ နန်းတို့ သိရသလောက်ပေါ့နော်
ကျန်တဲ့ စီးပွားရေးတွေလဲ ရှိဦးမယ်ထင်တယ်”

တေးနဲ့ မောင်းမောင်း မှာ အင်းသားလေး တွေကို ရိုးရိုးစီးပွားရေး လုပ်ငန်းရှင်တွေ ထင်နေခဲ့တာ ပြီးမှ သူတို့က စော်ဘွားအနွယ်တွေ ဖြစ်နေလေသည်။

“အမလေးး အနွယ်တော်မျိုးတွေ ကြောက်တယ်”

“အိစ့် ဟုတ်တယ် မြန်မြန်စား.. မမတေး
နောက်ခါတွေ့ရင် ရန်မလုပ်ရဲ‌တော့ပါဘူး”

// Sinn in Rhythm //Where stories live. Discover now