အပိုင်း (၁၃) Unicode

945 67 34
                                    

“ဟယ်တော်!”

မနက် ဆွမ်းတန်းလောင်းဖို့ ဆွမ်းချက်ရန် ထလာသော မေကြီးက အိမ်ရှေ့ခန်းမှာ အိပ်နေကြတဲ့ ပီဖစ်နဲ့ ညီထိုက်တို့ကို ကြည့်ပြီး အံ့ဩသွားသည်။

“ဘာဖြစ်တာလဲ မေ”

“ဒီမှာလေ အကို့သားတွေ ဒီရှေ့မှာတင် အိပ်နေကြတယ်တော်”

ဦးလေးမောင်ကြီး ကြည့်လိုက်တော့
ညီထိုက်က ပီဖစ်အပေါ် ခြေထောက်ကြီး ခွတင်ပြီး အိပ်နေသည်။

လပြည့်နဲ့ သန့်ဒေါင်းကတော့
‌တစ်ယောက်ကို တစ်ယောက် ဖက်လျက် အိပ်နေကြသည်။

ညက သူတို့ ဆော့နေကြသံ ကြားပေမယ့် ညဉ့်နက်တာရော ပင်ပန်းတာရော ပေါင်းပြီး တစ်ချိုးထဲ အိပ်ပျော်သွားလိုက်တာများ
မိုးလင်းမှသာ နိုးသည်။

“ဟိုကောင်တွေ ညက အတော်နောက်ကျကြတယ် ထင်တယ်”

“ဟုတ်ပါ့တော် ကြည့်ပါအုန်း
ဧည့်သည်ကို ဖိထားလိုက်တာများ
ပြားနေရှာပြီ”

“ထားလိုက်ပါ မေရယ်
လာ! မောင်တို့ဘာသာ ဆွမ်းချက်ရအောင်”

“ဟုတ်”

လင်မယားနှစ်ယောက် လက်ဆွဲပြီး နောက်ဖေးသာ ဝင်သွားလိုက်သည်။

မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတော့
အတူး က ထမင်းအိုးတည်သည်။

ထို့နောက် ဝယ်ထားသော ပဲသီးတောင့်တွေကို ကြော်ရန် လှီးချွတ်နေလိုက်သည်။

မောင် ကတော့ ဘုရားမျက်နှာသစ်တော်ရေ ကပ်ရင်း ဘုရားကန်တော့နေလေသည်။

အိမ်ထောင်သက်ကြာပြီဆိုပေမယ့်
ဒေါ်တူးတူးမေနွယ်နဲ့ ဦးစိန်လေးမောင် မှာ
ချစ်စနိုး Nickname ပေါင်းများစွာကို
ခေါ်ဆိုနေကြဆဲပင်။

စပြီး မေတ္တာသက်ဝင်ခါစ တုန်းက
'အကို နဲ့ အတူး’

နှစ်နည်းနည်းကြာတော့
‘မောင် နဲ့ အသက်’

ဦးစိန်လေးမောင် နယ်ကို ခရီးဝေးသွားရချိန်များ စာလွှာပို့ရင်း အလွမ်းသယ်ကြရချိန်မှာတော့

'ကိုကို နဲ့ နွယ်’ ခေါ်ဖြစ်ကြပြန်ရော။

လက်ထပ်ပြီးစ ကြင်စဦး အချိန်မှာတော့
'ယောက်ျား နဲ့ မိန်းမ’ ဆိုပြီး ကြည်နူးကြရပြန်တာပဲ

// Sinn in Rhythm //Where stories live. Discover now