ဖျော်ဖြေရေးပြီးတော့ စကားအနည်းငယ် ပြောဖြစ်ကြသည်။
“ဒါဆို ကျွန်တော်တို့ရဲ့ မကြာသေးခင်က Official ချပြထားတဲ့ အတွဲကို မေးချင်တာလေး တစ်ခုရှိပါတယ်ခ”
MC မှ မချိုမချဉ်ပြုံးရင်း နီရာမ်တို့ကို ကြည့်သည်။
“ဘာမေးမလဲ မသိပေမယ့် ဖြေစရာအဖြေက တစ်ခုပဲ ရှိပါတယ်ခ”
နီရာမ်က ပြန်ပြောလိုက်တော့ အကုန်လုံးက စိတ်ဝင်စားသွားကြဟန်
“ဘာများလဲ မသိဘူးနော်”
“ရာမာန့်ကို အများကြီး ချစ်တယ် ဆိုတာပါပဲ”
~အားးး!!!~
~အချိုတွေ!!~
~သေပါပြီ!!~
ပွဲထဲက Fan တွေဆီက အသံတွေ ပြိုင်တူထွက်ပေါ်လာသလို စင်ပေါ်ရှိ ကျန်တဲ့လူများလည်း မျက်နှာတွေ ရှုံမဲ့ကုန်၏။
“အပိုတွေ!”
“Dog Food တွေကျွေးနေတာ”
တေးတေးနဲ့ မောင်းမောင်းက မိုက်နဲ့ ပြောလိုက်တော့ အကုန်ရီကုန်ကြသည်။
“ဩ ~ ခုမှသတိရတယ်
တေးနဲ့ မောင်းက Eighppy ရဲ့ Fan တွေလို့ သိရတယ် ဟုတ်သလား”“ဟုတ်ပါတယ်ရှင့်”
“ဒါဆို ကိုယ့် Idol တွေနဲ့ အတူအလုပ်တွဲ လုပ်ရတာ ဘယ်လိုခံစားရလဲ”
“ခံစားရတာကတော့ အများကြီးပါပဲ စိတ်လှုပ်ရှားတယ် ၊ပျော်တယ်၊ ဝမ်းသာတယ်၊ ငိုချင်လာတယ် အစုံပေါ့နော်
အပြင်မှာ အနီးကပ်တွေ့ခွင့်ရတဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေပါ ဖြစ်လာကြတာဆိုတော့လေ”
“မောင်း အနေနဲ့ကတော့ ဒီအတွေ့အကြုံက ဘဝရဲ့ အကောင်းဆုံး မှတ်ဉာဏ်တစ်ခု အဖြစ် အလှပဆုံး တည်ရှိနေပြီး ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်”
“ဟုတ်ကဲ့ပါခ…
ဒါဆို နောက်ထပ်မေးချင်တာက တို့အငယ်ဆုံးလေး ရခန့်ကိုပါ
S.I.R က ခက်ခဲခဲ့လား”
ရခန် အဖွဲ့သားတွေ အားလုံးကို တစ်ချက်ကြည့်လိုက်ပြီးမှ
YOU ARE READING
// Sinn in Rhythm //
Fantasyအချစ် က တေးသွား တခုသာ ဆိုလျှင်...... သူက ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးမဖြတ်နိုင်သော ' တေးသွားထဲက ရတနာ တပါး ' ပါပဲ..... Start Date - 12. 2 . 2022 #Owncreation #Boylove