အပိုင်း (၂၃) Unicode

834 104 12
                                    

“Hello မှာထားတာလေး လာပို့ချင်လို့ပါ အိမ်မှာရှိလားဗျ”

“ရှိပါတယ် လိပ်စာထဲကအတိုင်း လာပို့ပေးပါ”

ရခန် ဖုန်းဖြေပြီးတော့ မေကြီးတို့ ရှိမရှိ ချောင်းလိုက်သည်။

မောင်းမောင်းက ပြောဖူးသည်။

‌အိမ်မှာ Delivery လာပို့တာတွေ့ရင် မေကြီးက ဆူသည် တဲ့။

အခုလည်း ရခန်က အများကြီး မှာထားတာဆိုတော့ အဆူခံရမှာ စိုးပါသည်။

‘ဘယ်လိုယူရမလဲဆိုတာ
မောင်းမောင်းကို မေးတာ ကောင်းမယ်’

ရခန် အိမ်ထဲပတ်ရှာလိုက်တော့ မောင်းမောင်းက ရေခဲသေတ္တာထဲကို နှိုက်နေတာတွေ့သည်။

‘ကိုကို ပြောတာ မှန်တယ်
မောင်းမောင်းနဲ့ ညီထိုက်က
တကယ် ကြွက်တွေပဲ’

“မောင်းမောင်း!!”

“မေမေကြီး!!”

“ဟီး ဘာလုပ်နာလဲ”

“လန့်တာ! ရခန်ရာ
ဘာလို့တုန်း”

“ခဏနေရင် Delivery လာပို့မှာ
အဲ့တာ ကူပြီး ယူပေးပါဦး

မေကြီး ဆူမှာ ကြောက်လို့”

“ဪ~ ဒါလေးများ
ဟွန့်! မောင်းမောင်း တာဝန်ထားလိုက်!”

“Oki kub”

ရခန်နဲ့ မောင်းမောင်း ခြံထဲမှာ ထိုင်ပြီး Delivery လာမယ့်အချိန်ကို စောင့်နေလိုက်သည်။

“Rakhan..”

“Humm”

“မောင်းမောင်း ရခန့်ကို တစ်ခုပြောချင်လို့ပါ”

“Kub”

ရခန်နဲ့ မောင်းမောင်းက အသက်တူတူပဲမို့ သူငယ်ချင်းလိုပဲ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြသည်။

“ရခန့် ကိုကြီးအပေါ် ဘယ်လိုသဘောထားပြီး ဘယ်လောက်ထိလေးနက်လဲ မောင်းမောင်း အတိအကျမသိပေမယ့်လေ

ကိုကြီးက မောင်းမောင်း ကိုကြီးမို့လို့ ဒါလေးတစ်ခုတော့ ပြောပြရစေ”

“ပြောပါ မောင်းမောင်း”

ရခန် နားလည်စွာနဲ့ ပြောခွင့်ပေးလိုက်သည်။

// Sinn in Rhythm //Where stories live. Discover now