တစ်ပါတ်အချိန်တစ်ပါတ်ရှိပြီယိုရှီနိုရီ
ကတစ်စုံတစ်ယောက်ကိုတစ်ပါတ်ကြာ
အောင်လိုက်နေရတယ်ဆိုတာရာဇဝင်ရိုင်း
လိုက်တာ...ဒေါက်...ဒေါက်....ဒေါက်...
ယိုရှီတစ်ခုခုတွေးနေရင်းစားပွဲကိုတစ်
ဒေါက်ဒေါက်မြည်အောင်ခေါက်နေမိသည်...ဒီကောင်လေးကိုသူAlphaဖိအားပေးပြီး
လဲမရယူချင်ဘူးယိုရှီကရှုတ်ပွေတတ်ပေမဲ့
Omegaတွေပေါ်မှာဘယ်တော့မှဖိအားပေး
တာမျိုးမလုပ်ဖူးပေ...အဲ့တစ်ချက်ကြောင့်လဲomegaအများစု
ကယိုရှီအပေါ်သာလွန်၍နှစ်သက်နေကြ
ခြင်းဖြစ်သည်...ဒေါက်...ဒေါက်...
ယိုရှီစားပွဲခုံကိုခေါက်နေတဲ့အသံကိုကျော်
လွန်ပြီးထွက်ပေါ်လာတဲ့တံခါးခေါက်သံ..."ဘယ်သူလဲ..."
"သခင်လေး...ကျွန်တော်ယူဟန်ပါ..."
"ဝင်ခဲ့..."
သခင်လေးအမိန့်အရတံခါးအသာဖွင့်ပြီး
ယူဟန်ဝင်သွားလိုက်သည်...အထဲရောက်တော့မြင်ရတဲ့မြင်ကွင်းက
ယူဟန်လိုAlphaတစ်ယောက်ကိုတောင်
စိတ်လှုပ်ရှားစေသည်....သခင်လေးကခုံပေါ်မှာနောက်ကိုမှီ
ထားပြီးခြေချိတ်ထိုင်နေသည်...အနည်းငယ်ဟနေတဲ့အင်္ကျီကြောင့်မြင်
နေရတဲ့ရင်ဖက်ဖွေးဖွေး...ယူဟန်လက်ထဲကဖိုင်ကိုမသိမသာတင်း
ကြပ်အောင်ကိုင်လိုက်မိသည်..."ယူဟန်...မင်းစိတ်လှုပ်ရှားနေတာလား"
"ဗျာ..."
"မင်းအနံ့တွေသိမ်းဦး..."
သခင်လေးပြောမှသူကိုယ်တိုင်တောင်
မသိလိုက်ပဲ pheromones အနံ့တွေ
ထုတ်မိသွားတာကိုသတိရသွားသည်..."တောင်း...တောင်းပန်ပါတယ်သခင်လေး
ကျွန်တော်နည်းနည်းစိတ်လှုပ်ရှားနေလို့...""ဘာအကြောင်းလာပြောမှာမို့လဲ.."
"ဟို...ဒါဒီနေ့အချိန်ဇယားပါ...
နောက်ပြီး...""နောက်ပြီးဘာလဲ..."
"ဟို...သခင်ကြီးကဒီည ညစာအတူ
လာစားလှည့်ပါတဲ့..."
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗